ချင်းပြည်နယ်နှင့်အိန္ဒိယနယ်စပ်အနီးရှိ ချင်းအမျိုးသားတပ်ဦး CNA/F ဌာနချုပ်တည်ရှိရာ Camp Victoria ကို စစ်ကောင်စီက တိုက်လေယာဥ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာ CNA/Fတပ်ဖွဲ့ဝင် ၅ဦးကျဆုံးခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၀ရက် မြန်မာစံတော်ချိန် ၄နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်၅ စီးဖြင့်အဆိုပါဌာနချုပ်နေရာအား အလစ်လာရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်ဦးတပ်ဖွဲ့ဝင်၅ဦးကျဆုံး၍ ကြဲချခဲ့သောဗုံးများအနက်တစ်လုံးသည်အိန္ဒိယနိုင်ငံနယ်နမိတ်အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီICNCC က…