မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကို ပြောသည်။
ယနေ့ မတ်လ၁၀ရက်၊ နံနက်၇နာရီတွင် ရေးမြို့နယ်၊ အာရုတောင်နှင့် စုံနံ့ရွာရှိ ခံသင်းတံတားဘေးရှိစစ်ကောင်စီတပ်စခန်းကို ရေးဘီလူးအဖွဲ့ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
” ဒီမနက်၇နာရီ တိတိမှာ ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်။သူတို့စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ ကျွန်တော် တို့လက်ဦးမှုရခဲ့တယ်။ကျွန်တော်တို့ပိုင်ပိုင်နိုင်နိုင် စခန်းတွင်းကိုဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ် “ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
အဆိုပါတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိပြီး ရေးဘီလူးအဖွဲ့စီးနင်းတိုက်ခိုက်ချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးခန့်သေဆုံးသည်ကိုအတည်ပြုနိုင်ခဲ့သည်ဟု ၎င်းကပြောသည်။
ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာထွက်ပြေးသွားကြပြီး စခန်းတွင်းရှိ လက်နက်ခဲယမ်းများကို သိမ်းယူရန်အခွင့်မသာ၍ စခန်းကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်ဆောင်က ပြောသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် အခြားစစ်ကောင်စီတ ပ်ရင်းများမှ လက်နက်ကြီးပစ်ကူများပေးခဲ့သော်လည်း ရေးဘီလူးအဖွဲ့သားများမှာ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သိဟု သိရသည်။
ရေးမြို့နယ်အတွင်း၌ စစ်ရေးမစ်ရှစ်များကိုအောင်မြင်စွာဆောင်ရွက်ထားခဲ့သည့်ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်အတွင်း၌ ပိုမိုကောင်းမွန်သည့်မစ်ရှင်များကို ဆင်လက်ပြုလုပ်သွားဟု ရေးဘီလူးအဖွဲ့က ကတိသစ္စာပြုပြောဆိုသည်။