စစ်ကောင်စီတပ် ယာဥ်တန်းလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကသတင်းထုတ်ပြန်သည်။
ယမန်နေ့မတ်လ ၃ ရက် ၊နံနက် ၅း၁၀ နာရီအချိန်တွင် KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်– မော်လမြိုင် အဝေးပြေးလမ်းမဘေးတစ်နေရာတွင် စစ်ကောင်စီတပ်ယာဥ်တန်းအတွက် လုံခြုံရေးပေးရန် ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်ဖွဲ့အား KRF နှင့် KNLA တပ်မဟာ၁ ၊တပ်ရင်း ၃ တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ရေးပစ်မှတ်အဖြစ်သက်မှတ်၍ စစ်ကောင်စီတပ်ဖွဲ့အား အနီးကပ်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါစစ်ဆင်ရေးအတွင်း၌ KRF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။