![]()
ကောင်းချစ်အောင် မေ ၁၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကန်ဒေါင့်ရွာ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်အင်အားအသာစီးဖြင့် ပြန်လည်ခုခံသောကြောင့် စခန်းမသိမ်းပိုက်နိုင်ဘဲဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ မုံရွာ−ပုလဲ−ဂန့်ဂေါ ကားလမ်းမပေါ်တွင်တည်ရှိသည့် ကန်ဒေါင့်ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၇၀ကျော်ခန့်တပ်စွဲနေပြီး ယခုနှစ်ဆန်းပိုင်းကတည်းက ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ရန်ကြိုးစားနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါကန်ဒေါင့်ရဲစခန်းကို ယမန်နေ့ ည၈နာရီ…