သံလွင်ခက်
မေ ၂၆ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်၊ မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရှိ ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟုNothern ABSDF ကထုတ်ပြန်သည်။
အဆိုပါရဲကင်းစခန်းအား မေလ ၂၄ ရက်၊ နံနက် ၆ နာရီ ၁၅ မိနစ် အချိန် မှ စ၍ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နံနက် ၆နာရီ ၄၅ မိနစ်တွင် စခန်းကို ဝင်ရောက် စီးနင်း သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစီးနင်းပစ်ခတ်မှုအတွင်း၌ ရဲတပ်ကြပ်ကြီး အပါအဝင် ရဲ ၄ ဦးသေ ဆုံးပြီး BA- 63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက် ၊ကျည်ကဒ် ၉ ကဒ် ၊ကျည် ၆၅၀ ၊ လက်ပစ်ဗုံး ၃ လုံးနှင့် ရဲ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် စခန်း အတွင်းရှိ အမျိုး သမီး ၃ ဦးနှင့် ကလေး ၂ ဦး ကိုတွေ့ရှိခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု Nothern ABSDF ကထုတ်ပြန်သည်။
ကျောက်မောဂိတ်ရှိ ရဲများနှင့် စစ်သားများသည် ဖြတ်သွားဖြတ်လာ ယာဥ်များနှင့် အနီးအနားရှိ လုပ်ငန်းရှင်များထံမှ ပိုက်ဆံတောင်းခြင်း၊ ရိက္ခာအတင်း တောင်းယူခြင်းများ ပြုလုပ်လေ့ရှိကြောင်းပြည်သူများမှတိုင်ကြားခဲ့သောကြောင့် NothernABSDFမှ သွားရောက်ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1195
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4586
Website ->https://eng.thanlwinkhet.net