ကောင်းချစ်အောင်
မေ ၂၅၊ ၂၀၂၃။
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အထက၂စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ယမန်နေ့တွင်ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါကျောင်းတွင် စစ်ကောင်စီတပ်သား အင်အား၁၀၀ခန့်ဝန်းကျင် တပ်စွဲနေကြပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမန်ကျည်းကန်၊ ကန်ကြီး၊ မင်းသားကျစသည့် မြိုင်မြို့နယ်အတွင်းကရွာများကို ဖျက်ဆီးမီးရှို့မှုများလုပ်ဆောင်ခဲ့သူများဖြစ်သည်ဟုသိရသည်။
ထို့ကြောင့် စစ်ကောင်စီတပ်သားများကို ဒရုန်းနှစ်စီးဖြင့် နှစ်ကြိမ်ဗုံးသီးများကြဲချခဲ့ပြီး စွန်ရဲစစ်ဆင်ရေးအဖြစ်အမည်သတ်မှတ်ထားသည်ဟု Eagle Brigade(A Nyar Eagles)အဖွဲ့ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“မနက်၉နာရီလောက်မှာ စတိုက်တယ် 2KG နှစ်လုံးနဲ့ 1KG နှစ်လုံးကြဲချတယ်။ jammerတွေခံထားတဲ့ကြားကသတိထားလုပ်ရတာ ပျက်ကျဆုံးရှုံးမှုတော့မရှိခဲ့ဘူး“ဟု ၎င်းကဆိုသည်။
တိုက်ခိုက်မှုတွင် သုံးစွဲထားသည့် ဗုံးသီးများသည် ဖျက်အားပြင်းထန်ပြီး အထိအခိုက်များရှိနိုင်သော်လည်း မြို့ပေါ်မစ်ရှင်ဖြစ်သောကြောင့် သေဆုံးမှုအခြေအနေကိုအတည်ပြုနိုင်အောင် စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Eagle Brigade နှင့်အတူ Myaing Village Revolution force-MVRF၊ Myaung Special People defence force-MSPDF အဖွဲ့များပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၂၆ရက်တွင်လည်း ပုလဲမြို့နယ် အင်မထီးပျူစောထီးရွာကို Eagle Brigade နှင့်ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းသုံးစီးဖြင့် ဗုံးခြောက်လုံးကြဲချခဲ့သည်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1183
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4563
Website ->https://eng.thanlwinkhet.net