ယမင်းဖူးပွင့်အောင်
မေ ၂၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီ ရဲကင်းဂိတ် အတိုက်ခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသော ဂိတ်စခန်းနေရာကိုသွားရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီ အင်အား ၁၁ ဦးခန့်တပ်စွဲထားသည့် အဆိုပါရဲကင်းဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့များက မော်တော်ယာဉ်ဖြင့် သွားရောက်ပစ်ခဲ့ခြင်းဖြစ်သည်ဟု National Revolution Army အဖွဲ့၏ တာဝန်ခံ ကိုဗီနိုက သံလွင်ခက်ကိုပြောသည်။
“အဲဒီနားက မီးပွိုင့်လမ်းဆုံဖြစ်တယ်။ ရွာက လိုင်းကားတွေကို မတရားငွေကြေး ကောက်ခံတယ်။ လမ်းအစစ်အဆေးတွေလည်း မကြာခဏ ပြုလုပ်နေတာကြောင့် တိုက်ခဲ့တာပါ”ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိသွားသည်ဟု၎င်းကဆက်လက်ပြောကြားသည်။
ထို ဂိတ်စခန်းကို ယင်းမာပင်ခရိုင် အမှတ် (၂၈) တပ်ရင်း ဓားမဆိုင်းတပ်မတော် D.M.S.A အထူးတိုက်ခိုက်ရေးအဖွဲ့က ဦးဆောင်၍ ဓားမဆိုင်း တပ်ခွဲ ၂၊ National Revolution Army တို့ပူးပေါင်း၍ တိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ဝမ်ပေါင် ကုမ္ပဏီကြေးနီစီမံကိန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1203
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4606&preview=true
Website ->https://eng.thanlwinkhet.net