သံလွင်ခက်
မေ ၂၆ ၊ ၂၀၂၃ ။
မကွေးတိုင်း၊ဂန့်ဂေါ်မြို့နယ်ရှိ တောင်ခင်ရန်းရဲစခန်းကို မဟာမိတ်တပ်များပူးပေါင်း၍ လက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ်ခဲ့သည်ဟု Nothern ABSDF က ယနေ့တွင်ထုတ်ပြန်ထားသည်။
အဆိုပါ ရဲစခန်းတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိုင်ချနေသည့်အပြင် ပျူစောထီးများလည်း ဝင်ထွက်သွားလာလျက်ရှိနေရာ မေလ၂၅ ရက်နေ့ ညပိုင်းအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုရဲစခန်းကို ကျောင်းသားတပ်မတော် ABSDF Column – 3 ၊ အမှတ် ( ၁၂ ) တပ်ရင်း ၊ ယောဒေသစခန်းမှ ရဲဘော်များ၊ ဒေသခံ PDFများ ၊ ပ.က.ဖ များ ပူးပေါင်း၍ လက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး အရာရှိတဦး ခြေထောက် ဒါဏ်ရာပြင်းထန်စွာ ရရှိ၍ ၎င်းခြေထောက်အား ဖြတ်တောက်လိုက်ရသည်ဟု စခန်းတွင်းရှိ ဖရဲသီးတစ်ဦးထံမှ စုံစမ်းသိရှိရသည်ဟု Nothern ABSDF က ထုတ်ပြန်ထားသည်။
ပုံစာ–ဂန့်ဂေါ်မြို့နယ်ရှိ တောင်ခင်ရန်းရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်နေမှု။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1199
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4596
Website ->https://eng.thanlwinkhet.net