သံလွင်ခက်
မေ ၂၆ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ မူတြော်ခရိုင်( ဖာပွန်ခရိုင်) ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား KNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မူတြော်သတင်းက ယမန်နေ့တွင် ဖော်ပြထားသည်။
KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိတပ်ရင်းစစ်သည်တော်များသည် မူတြော်ခရိုင်၊ လယ်မူပလောမြို့နယ်၊ ယိုဒိုခိုနှင့်ယူဂိုလော်ဒေသအတွင်းရှိအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအား မေလ ၂၃ရက်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်။
KNLA တပ်ဖွဲ့ဝင်များက ပြောက်ကျား စနစ်ဖြင့်ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား၄ ဦးသေဆုံးခဲ့ပြီး KNLA တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သည်။
အဆိုပါ မေ ၂၃ရက်၊ နံနက် ၀၈း၃၀နာရီအချိန်တွင် စစ်ကောင်စီ၏ မထောအခြေစိုက်တပ်မှ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းရှိကျေးရွာများပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအသက်၅၃နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ထိုနေ့၌ပင် စစ်ကောင်စီတပ်၏ဖာပွန်အခြေစိုက်စခန်းမှအမြောက်တပ်သည် ဖာပွန်မြို့မြောက်ဖက်ရှိ ကလော်ထာကျေးရွာအုပ်စုနှင့် ဘောသေထာကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးကျည်၁၄လုံးထိပစ်ခတ်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှု၌ ကလိုထီးကလိုးနှင့် ထူမောဒဲရွာရော်ဘာခြံများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုတစ်စုံတစ်ရာမရှိခဲ့ဟု သိရသည်။
ပုံစာ– ယခုလအတွင်း ကေအဲန်ယူတပ်မဟာ ၅ နယ်မြေရှိ BGF ကင်းစခန်းတစ်ခုကိုတိုက်ခိုက်ခဲ့မှု ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1201
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4603
Website ->https://eng.thanlwinkhet.net