နန်အိဖြူ အောက်တိုဘာ ၂၅၊၂၀၂၂။ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏လက်နက်ကြီးပစ်ခတ်သည့်အသံကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး အမောဖောက် သတိလစ်သွားရာ ဆေးကုသမှုခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။ ယမန်နေ့က စစ်ကောင်စီ ၉၇ တပ်မှကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောကရိတ်မြို့ခံ အသက်၇ နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီး အသံကြောင့် နှလုံးအမောဖောက်ခဲ့ခြင်းဖြစ်သည်…