သံလွင်ခက်
ဇွန် ၃ ၊ ၂၀၂၃ ။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ ထိတွေ့တိုက်ပွဲအများဆုံးဖြစ်ပွားနေသည့် ကေအဲန်ယူတပ်မဟာ၅ နယ်မြေတွင် ပြီးခဲ့သောမေလအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီနှင့်BGFတပ်ဖွဲ့ဝင် ၁၂၀ ကျော်သေဆုံးခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်ခရိုင်)
KNU-ကရင်အမျိုးသားအစည်းအရုံး အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း၌ ပြီးခဲ့သောမေလတွင်တိုက်ပွဲပေါင်း ၂၀၀ ကြိမ်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်၁၂၂ ဦးသေဆုံး၍ ၄၈ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများထဲတွင် တပ်ခွဲမှူးတစ်ဦး၊ ဒုခွဲမှူး၂ဦး၊ တပ်ကြပ်ကြီး ၃ ဦး နှင့် တပ်ကြပ်တစ်ဦးပါဝင်သည်ဟု သိရသည်။
ထို့ပြင် စစ်ကောင်စီ၏လက်နက်နှင့်ရိက္ခာထောက်ပံ့ပို့ဆောင်ရေးယာဉ်၆စီးဖျက်ဆီးနိုင်ပြီး မြင်းလား၆ကောင်ကိုလည်းသတ်ဖြတ်သုတ်သင်နိုင်ခဲ့သည်ဟု မူတြော်သတင်းစဥ်ကဖော်ပြထားသည်။
မေလအတွင်းတိုက်ပွဲများ၌ KNLAအမှတ်(၅) တပ် မဟာမှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ရဲဘော် ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မေလအတွင်း၌ BGFတပ်မှ ပြည်သူများနေထိုင်ရာနှင့် အသက်မွေးဝမ်းကျောင်းပြုရာနေရာများအတွင်းသို့အမြောက်ကျည်၅၉ လုံးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး၍ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်၊ BGFတပ်တို့နှင့် KNLA တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများတောက်လျောက်ဖြစ်ပွားနေသည့်ကေအဲန်ယူတပ်မဟာ၅ ထိန်းချုပ်နယ်မြေအတွင်း၌ ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၁၃၀၇ ဦးသေဆုံး၍ ၉၇၂ ဦးဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ယခုနှစ်အစပိုင်း သုံးလအတွင်း၌လည်း တိုက်ပွဲပေါင်း ၅၇၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၂၀၈ ဦးသေဆုံး၍ ၁၄၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု မူတြော်သတင်းစဥ်က ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းတိုက်ပွဲအချက်အလတ်များကို ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းစဥ်က ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဧပြီလအတွင်း၌ မူတြော်ခရိုင်နှင့် သထုံခရိုင်နယ်စပ်မျဥ်းပေါ်ရှိ စကခ၈လက်အောက်ခံ ခမရ ၄၀၁ မယ်ကျိထာစစ်ဆေးရေးဂိတ်စခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု မူတြော်သတင်းစဥ်က ဖော်ပြထားသည်။
ပုံစာ–ပြီးခဲ့သောမေလအတွင်း၌ BGF တစ်ခန်းတစ်ခုကို KNLA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့မှု ။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1308
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4870
Website ->https://eng.thanlwinkhet.net