• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မြန်မာကို ပံ့ပိုးထားသော တရုတ်၏ ကမ္ဘာ့အကြီးဆုံးအင်တာနက်ဆင်ဆာစနစ်ပေါက်ကြား
  • နယူးယောက်တိုင်းမ်နှင့် ထုတ်ဝေရေးလုပ်ငန်းတို့ကို ဒေါ်လာ ၁၅ ဘီလီယံဖြင့် ထရမ့် တရားစွဲ
  • ဝေါ်လေ စစ်ရှောင်များ ရေဘေးအန္တရာယ် ထပ်ကြုံရ
  • နှစ်လသားကလေးငယ် ခွေးဘီလူးကိုက်၍ သေဆုံး
  • ကြားဖြတ်တိုက်ခိုက်ခံရ၍ အထိနာသော စစ်တပ် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်
  • ARSA အဖွဲ့ တိုက်ခိုက်မှုများကြောင့် မောင်တောဒေသခံများ လုံခြုံရေးစိုးရိမ်နေရ
  • တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၅၀ ကျော်ဖမ်းမိရာတွင် နှစ်နှစ်ကလေးငယ်ပါဝင်
  • ထိုင်းနယ်စပ်ဖြတ်ကျော် မြန်မာနိုင်ငံသား ၁၁၃ ဦး ဖမ်းဆီးခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ချောင်းဦးကာကွယ်ရေးအဖွဲ့စခန်းနှစ်ခု စီးနင်းခံရ
တိုက်ပွဲသတင်း

ချောင်းဦးကာကွယ်ရေးအဖွဲ့စခန်းနှစ်ခု စီးနင်းခံရ

thanlwinkhetBy thanlwinkhetJune 1, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ယမင်းဖူးပွင့်အောင်

ဇွန် ၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု ဝင်ရောက်စီးနင်းခံခဲ့ရပြီး ပြည်သူတစ်ဦးကိုစခန်းနှင့်အတူ မီးရှို့ အလောင်းဖျောက်သွားခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

ယမန်နေ့ နံနက်၈နာရီခန့်တွင် Jammer များတပ်ဆင်ထားသည့် စစ်ကောင်စီကားနှစ်စီးသည်

မုံရွေးကျေးရွာ၊ ကြေးမုံကျေးရွာအနီး အင်အား ၁၀၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်ကာ စခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု Area 71 People Defense Force Monywa ပြန်ကြားရေးတာဝန်ခံ ရဲဘော်Theoက သံလွင်ခက်ကိုပြောသည်။

“လက်နက်ကြီးတွေ လက်နက်ငယ်တွေ တောက်လျှာက်ပစ်ဝင်လာတာဗျ။ လက်နက်ချင်း အင်အားမမျှလို့ အသာလေးရှောင်ထွက်လာကြတာ။ ကင်းစောင့်နေတဲ့ရဲဘော်တွေကြောင့် စခန်းကသူတွေအကုန်လုံး အပွန်းပဲ့မရှိ ဆုတ်လာနိုင်ခဲ့တယ်“ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် သိန်း၃၀၀ခန့်တန်ဖိုးရှိသည့် လက်လုပ်မိုင်း၊ လက်လုပ် ၄၀ မမလက်နက်ကြီးများနှင့် ကုန်ကြမ်းပစ္စည်းများ ဆုံးရှုံးခဲ့သည်ဟု သိရသည်။

ထို့ပြင် လူသားဒိုင်းအဖြစ် ခေါ်ဆောင်လာခဲ့သည့် ဒေသခံတစ်ဦးကို မီးရှို့အလောင်းဖျောက်သွားပြီး  သေဆုံးသူကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ရဲဘော် Theoကဆက်ပြောသည်။

“ဘယ်သူဘယ်ဝါမှန်းကို မသိရတော့ဘူး ခေါင်းပွင့်ထားတာပဲမြင်ရတာ။ ကျွန်တော်တို့စခန်းက ပစ္စည်းတွေနဲ့ရောပြီးပုံရှို့ထားခဲ့တာပဲတွေ့ရတာ။ ကျန်တာတော့ ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာ ပြောရခက်တယ်ဗျ“ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွေးနှင့် ကြေးမုံရွာအနီး စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ပြီး မြို့ပြပြောက်ကျားအဖွဲ့စခန်းတစ်ခုကိုလည်း ထပ်မံစီးနင်းခဲ့သောကြောင့် လက်နက်များဆုံးရှုံးခဲ့ရသည်ဟု Youth Revolution Attack Fore-YRAF အဖွဲ့၏တာဝန်ခံကပြောသည်။

“ခြေလျင်စစ်ကြောင်းက ကျွန်တော်တို့စခန်းကိုအရင်ရောက်လာတာ အထိုင်စခန်းမဟုတ်ဘူး။ ထုတ်လုပ်ရေးစခန်းပါ။ Shotgun နှစ်လက်သိမ်းခံရတယ်။ ပြီးမှ Area 71 စခန်းဆီသွားတာ“ဟုဆိုသည်။

ပြီးခဲ့သည့် မေလ၁၅ရက်နေ့ကလည်း Monywa NightKing အဖွဲ့၏ နောက်တန်းစခန်းကို စစ်ကောင်စီတပ်များကဝင်ရောက်စီးနင်းခဲ့သောကြောင့် လက်လုပ်လက်နက်များ၊ ယူနီဖောင်းများ ဆုံးရှုံးခဲ့ရသည်။

ပုံစာ−မီးရှို့ဖျက်စီးခံရသည့် ကာကွယ်ရေးတပ်စခန်း။

Photo-Crd

*******

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1290

YouTube -> https://youtu.be/Fuwj7S3m10U

Website -> https://thanlwinkhet.net/?p=4819

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရင့်ရဲကျေးရွာကို မီးရှို့
Next Article တအာင်း(ပလောင်)ဒေသတွင် အခြေခံပညာကျောင်း ၄၀၀ ခန့် ဖွင့်မည်
thanlwinkhet
  • Website

Related Posts

ငါးနှစ်အတွင်း စစ်‌ကောင်စီ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၀၀၀ ကျော် သေဆုံး

September 16, 2025

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

September 12, 2025

သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

September 11, 2025

Leave A Reply Cancel Reply

Recent Posts

  • မြန်မာကို ပံ့ပိုးထားသော တရုတ်၏ ကမ္ဘာ့အကြီးဆုံးအင်တာနက်ဆင်ဆာစနစ်ပေါက်ကြား
  • နယူးယောက်တိုင်းမ်နှင့် ထုတ်ဝေရေးလုပ်ငန်းတို့ကို ဒေါ်လာ ၁၅ ဘီလီယံဖြင့် ထရမ့် တရားစွဲ
  • ဝေါ်လေ စစ်ရှောင်များ ရေဘေးအန္တရာယ် ထပ်ကြုံရ
  • နှစ်လသားကလေးငယ် ခွေးဘီလူးကိုက်၍ သေဆုံး
  • ကြားဖြတ်တိုက်ခိုက်ခံရ၍ အထိနာသော စစ်တပ် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မြန်မာကို ပံ့ပိုးထားသော တရုတ်၏ ကမ္ဘာ့အကြီးဆုံးအင်တာနက်ဆင်ဆာစနစ်ပေါက်ကြား

နယူးယောက်တိုင်းမ်နှင့် ထုတ်ဝေရေးလုပ်ငန်းတို့ကို ဒေါ်လာ ၁၅ ဘီလီယံဖြင့် ထရမ့် တရားစွဲ

ဝေါ်လေ စစ်ရှောင်များ ရေဘေးအန္တရာယ် ထပ်ကြုံရ

နှစ်လသားကလေးငယ် ခွေးဘီလူးကိုက်၍ သေဆုံး

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မြန်မာကို ပံ့ပိုးထားသော တရုတ်၏ ကမ္ဘာ့အကြီးဆုံးအင်တာနက်ဆင်ဆာစနစ်ပေါက်ကြား

September 17, 2025

နယူးယောက်တိုင်းမ်နှင့် ထုတ်ဝေရေးလုပ်ငန်းတို့ကို ဒေါ်လာ ၁၅ ဘီလီယံဖြင့် ထရမ့် တရားစွဲ

September 17, 2025

ဝေါ်လေ စစ်ရှောင်များ ရေဘေးအန္တရာယ် ထပ်ကြုံရ

September 17, 2025

နှစ်လသားကလေးငယ် ခွေးဘီလူးကိုက်၍ သေဆုံး

September 17, 2025

ကြားဖြတ်တိုက်ခိုက်ခံရ၍ အထိနာသော စစ်တပ် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်

September 17, 2025

ARSA အဖွဲ့ တိုက်ခိုက်မှုများကြောင့် မောင်တောဒေသခံများ လုံခြုံရေးစိုးရိမ်နေရ

September 16, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.