သဇင်
ဇွန် ၂၊ ၂၀၂၃။
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံဂိတ်အနီးတွင် တပ်စွဲထားသောစစ်ကောင်စီတပ်သားများကို ကျိုက်ထိုတော်လှန်ရေးအင်အားစုများက Droneဖြင့်တိုက်ခဲ့သည် ဟု Kyaikhto Revolution Force(KRF)က ထုတ်ပြန်ထားသည်။
ဇွန်လ ၁ ရက်၊နေ့လည် ၁နာရီခန့်တွင် မုပ္ပလင်လမ်းဆုံဂိတ်အနီး တပ်စွဲထားသော စစ်ကောင်စီ အင်အား ၅၀ခန့်အားတော်လှန်ရေးပူးပေါင်းအဖွဲ့များက Droneဖြင့် ဗုံးသီးချတိုက်ခဲ့ခြင်းဖြစ်သည် ဟု KRFအဖွဲ့ တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
“သူတို့က မုပ္ပလင်လမ်းဆုံဂိတ်အနားမှာ တပ်စွဲနေတာပါ။အဲ့ဒီတွက် သေချာ ချင့်ချိန်ပြီးမှတိုက်ရပါတယ်။Droneနဲ့၆၀မမ ဗုံးသီး၂လုံး ပစ်ချပြီး သွား တိုက်ခဲ့တာပါ။၄၀ မမတွေနဲ့လဲ ပစ်ခဲ့ပါတယ်“ဟု ဆိုသည်။
အဆိုပါစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့ပြီး KRFအဖွဲ့၊KNU/KNLA၊Night Hawks နှင့်ကျိုက်ထို (ပကဖ)တို့ မှ ပူးပေါင်းစစ်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း က ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် မဲပလီရဲစခန်းအား ကျိုက်ထိုတော်လှန်ရေးအင်အားစုများမှ Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ဖူးသည်။
Photo- Crd
ပုံစာ-(Federal Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့၏ဒရုန်းစစ်ဆင်ရေးပြင်ဆင်နေမှုမြင်ကွင်း/ပုံဟောင်း)
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1303
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4854
Website ->https://eng.thanlwinkhet.net