ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား သေဆုံးသူ ငါးဦးအထိရှိလာပြီး ပြင်းထန်းဒဏ်ရသူများလည်းရှိသည် ဟု ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။ “မနေ့က ဖားကန့်ကို ထွက်သွားတဲ့အချိန် တွေ့တာက သေဆုံးသူ ငါးလောင်း၊ မိန်းကလေး တစ်လောင်း…