ကရင်ပြည်နယ်၊ မြဝတီ -ဝေါ်လေ ကားလမ်းမပေါ်ရှိ ဝေါ်လေဗျူဟာကုန်းသို့ စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာအပြင် ကာမီကာဇေအသေခံဒရုန်းဖြင့် ဗုံးသီးများ လာရောက်ကြဲချခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ည ၇ နာရီကျော်တွင် စစ်တပ်ဘက်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီးကြဲချပြီးနောက် ကာမီကာဇေဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု မြေပြင်ရဲဘော်များက ဆိုသည်။
ရဲဘော်တစ်ဦးက “ဒီနေ့ညနေ ဂျက်ဖိုက်တာ တစ်စီး လာတယ်။ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတယ်။ ပြီးတော့ ကာမီကာဇေဒရုန်း၂ နှစ်စင်း လာတယ်။ ရဲဘော်တွေတော့ ဘာမှမဖြစ်ဘူး” ဟု ပြောသည်။
ဩဂုတ်လ ၄ ရက်မှစပြီး စစ်တပ်ဘက်မှ လေကြောင်းပိုမိုအသုံးပြုလာသည်ဟု တွေ့ရသည်။
ထို့အပြင် ယနေ့ ည ၇ နာရီခွဲကျော်တွင်လည်း ကေအဲန်ယူဌာနချုပ်ရှိရာ တပ်မဟာ ၇ ကို စစ်တပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ကရင်ဘက်ခြမ်းမှ ဒေသခံများ ထိုင်းဘက်ခြမ်းသို့ ညတွင်းချင်း တိမ်းရှောင်နေကြရသည်။
လက်ရှိအချိန်တွင် ဝေါ်လေဗျူဟာကုန်းရရှိရေးအတွက် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထိုးစစ်အရှိန်မြှင့်တင်နေသလို စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းများဖြင့် ခုခံကာကွယ်လျက်ရှိသည်။
ပုံစာ -ကော်ဘရာစစ်ကြောင်းရဲဘော်များအားတွေ့ရစဥ်
#ဝေါ်လေဗျူဟာ #ဂျက်ဖိုက်တာ #ကာမီကာဇေ #ကြဲချ #ThanLwinKhetNews