ကေအဲန်ယူ တပ်မဟာ ၇ နယ်မြေကို စစ်တပ်က ယနေ့ည ၇:၄၀ နာရီမှစ၍ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“Y12 နဲ့ လာကြဲတာ။ လေယာဉ်သံ အကျယ်ကြီးပဲ။ ခြောက်ခေါက်လောက် လာကြဲတာ။ အလုံး နှစ်ဆယ်လောက်တောင် ရှိမလားပဲ” ဟု ကရင်ဘက်ခြမ်း မော်ပယ်ခိုကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။
စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နယ်မြေကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိအချိန်အထိ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပေ။
လေကြောင်းဗုံးကြဲခံရပြီးနောက် ကရင်ဘက်ခြမ်း ကျေးရွာများမှ ဒေသခံများ ထိုင်းဘက်ခြမ်းသို့ ညတွင်းချင်း တိမ်းရှောင်နေကြရသည်ဟုလည်း ဒေသခံများက ဆိုသည်။
ပုံစာ – ကေအဲန်ယူတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#တပ်မဟာ၇ #KNU #ThanLwinKhetNews