ဘုန်းမောင် အောက်တိုဘာ ၇၊ ၂၀၂၄။ မြန်မာနိုင်ငံတွင် စစ်တပ်သည် ၎င်း၏နိုင်ငံရေးအာဏာအတွက် ဗုဒ္ဓဘာသာကို လက်နက်တစ်ခုအဖြစ် ကောင်းစွာအသုံးချခဲ့ပါသည်။ ယခုဆောင်းပါးတွင်တော့ မြန်မာစစ်တပ်သည် ဗုဒ္ဓဘာသာကို မဟာဗျူဟာတစ်ခုအဖြစ်အသုံးချပြီး ၎င်းတို့အုပ်ချုပ်ရေးတရားဝင်စေရန် မည်ကဲ့သို့အသုံးချခဲ့သနည်းဆိုသည်နှင့် မြန်မာ စစ်တပ်၏ခြယ်လှယ်မှုများကြောင့်ဖြစ်ပေါ်ခဲ့ရသောသက်ရောက်မှုများအကြောင်း ဆန်းစစ်ထားပါသည်။ အသေးစိတ်အချက်အလက်များမလေ့လာမီ မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်သလို မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာထွန်းကားလာမှုနှင့် နိုင်ငံရေးစွမ်းအားများကြား နက်ရှိုင်းစွာဆက်နွယ်နေမှုများကို…