• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု
  • ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ
  • ကျောက်ဖြူကို စစ်ကောင်စီ အပြင်းအထန် ကာကွယ်နေ
  • ထိုင်း-မြန်မာနယ်စပ် ဖုပ်ဖရအနီးတွင် မြန်မာ ၄၄ ဦး ဖမ်းမိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ညီနောင်မဟာမိတ် ၃ ဖွဲ့က မန္တလေးကိုတိုက်ခိုက်မလား? အပိုင်း- (၁)
ဆောင်းပါး

ညီနောင်မဟာမိတ် ၃ ဖွဲ့က မန္တလေးကိုတိုက်ခိုက်မလား? အပိုင်း- (၁)

thanlwinkhetBy thanlwinkhetOctober 21, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

အောက်တိုဘာ ၂၁၊ ၂၀၂၄။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင်လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ပြီးခဲ့သောလပိုင်းမှာတော့ လားရှိုးမြို့ကိုပါ မဟာမိတ်ညီနောင်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီသည် ထိလွယ်ခိုက်လွယ်အခြေအနေများအား ရင်ဆိုင်နေရသည်။ လက်ရှိအချိန်ထိလည်း စစ်ကောင် စီသည် အဓိပ္ပါယ်ပြည့်ဝသောတန်ပြန်ထိုးစစ်ကိုမဆင်နွှဲနိုင်သေးဘဲ မဟာမိတ်တပ်ပေါင်းစုအဖွဲ့၏ တိုက်ခိုက်မှုများ ကို အလူးအလဲခံနေရသည်။

ပြီးခဲ့သော ဩဂုတ်လ ၅ ရက်မှာတော့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က တိုက်ခိုက်ရေးသမားများသည် လားရှိုးမြို့နယ်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်- ရမခကို သိမ်းပိုက်လိုက်ပြီး လားရှိုးမြို့ကိုထိန်းချုပ်နိုင်ခဲ့သည်။

MNDAA ဦးဆောင်သော တော်လှန်ရေးတပ်ပေါင်းစုများက ရမခ အား သိမ်းပိုက်နိုင်ခဲ့ခြင်းသည် သမိုင်းအတွက် အရေးကြီးသောမှတ်တိုင်တစ်ခုလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင်စတင်ခဲ့သော ‘၁၀၂၇ စစ်ဆင်ရေး’ ကာလများအတွင်း ညီနောင်မဟာမိတ်တပ်များက တရုတ် – မြန်မာနယ်စပ်တလျှောက်ရှိ ဝေးလံသီ ခေါင်သောအခြေစိုက်စခန်းအများအပြားနှင့် မြို့ငယ် လေးများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် လက်ရှိ အချိန်မှာတော့ ညီနောင်မဟာမိတ်အဖွဲ့က စစ်အာဏာရှင်များလက်တွင်းစုပ်ကိုင်ထားသော အာဏာအခြေခံအ စိတ်အပိုင်းများကို ဖြိုဖျက်နိုင်စွမ်းရှိသူများ ဖြစ်ကြောင်းပြသနိုင်ခဲ့သည်။

 

ရှမ်းပြည်မြောက်ပိုင်းရှိ နယ်မြေအများအပြားကို ညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ခြင်းနှင့်အတူ လက်ရှိ အချိန်မှာတော့ ညီနောင်မဟာမိတ်အဖွဲ့များသည် ၎င်းတို့နယ်နိမိတ်များကိုကျော်လွန်ကာ မြန်မာနိုင်ငံအလယ်ပိုင်း သို့ထိုးစစ်ဆင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိနေသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့တွင် မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော်- MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် အာရက္ခတပ်တော်- AA တို့ပါဝင်သည်။ ယင်းတပ်ဖွဲ့များအနက် TNLA နှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF များက တော်လှန်ရေးတပ်သားများသည် ရှမ်းကုန်းပြင်မြင့်မှဆင်းလာပြီး မြန်မာနိုင်ငံ၏ဒုတိယအကြီးမားဆုံးမြို့တော်ဖြစ်သော မန္တလေးမြို့ကို ဖိအားများ တိုက်ရိုက်ပေးလာနေသည်။

 

ညီနောင်မဟာမိတ်အဖွဲ့များ လက်ရှိပိုင်ဆိုင်ထားသောအောင်မြင်မှုများက အချိန်ကြာလာသည်နှင့်အမျှ စစ် ကောင်စီကို အားနည်းလာစေမည်ဖြစ်ပြီး အဓိကလည်ပတ်လှုပ်ရှားနေရသောတပ်ဖွဲ့များအတွက် လိုအပ်သောပံ့ ပိုးမှုများအား တိုးမြှင့်ဆောင်ရွက်လာစေနိုင်မည်လည်း ဖြစ်သည်။ ယင်းအပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏အနေ အထားက မန္တလေးမြို့ကို ဦးတည်တိုက်ခိုက်ရန်နှင့်ချေမှုန်းရန်အလားအလာများအား ပံ့ပိုးပေးနေပါသည်။

အကယ်၍သာ မဟာမိတ်အဖွဲ့များက မန္တလေးမြို့ကိုသိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက စစ်ဗိုလ်ချုပ်များနေထိုင်ရာ နေပြည်တော်မြို့ကိုတိုက်ခိုက်ရန်လည်း လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားမည်ဖြစ်ကာ စစ်ဗိုလ်ချုပ်ကြီးများ၏ ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်မှုတစ်ခုလည်းဖြစ်လာပေလိမ့်မည်။ မန္တလေးမြို့ကိုတိုက်ခိုက်မည့် ထိုအချိန်ခဏ လေးက ကြီးမားပြီးလေးနက်သောအခွင့်အရေးများအား ပေးစွမ်းနိုင်မည်ဖြစ်သော်လည်း လက်ရှိအခြေအနေ များအရဆိုရလျှင်မူ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၎င်းတို့၏စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာကန့်သတ်ချက်များ ကိုရင် ဆိုင်နေရသဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ရှေ့ဆက်ဘာလုပ်ကြမလဲ? ဆိုသည်ကလည်း ခန့်မှန်းရခက်သောကိစ္စ တစ်ရပ်ဖြစ်လာသည်။

နယ်မြေသိမ်းပိုက်မှုများ

ပြီးခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ‘၁၀၂၇ စစ်ဆင်ရေး’ပထမလှိုင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ကစ တင်ခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ညီနောင် မဟာမိတ်တပ်ဖွဲ့များကြား အပစ်အခတ်ရပ်စဲခြင်းဖြင့် ပထမလှိုင်းနိဂုံးချုပ်ခဲ့သည်။ ‘၁၀၂၇ စစ်ဆင်ရေး’ မစတင် ခင်အချိန်များမှာတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသောတော်လှန်ရေး လှုပ်ရှားများနှင့် ခပ်ဝေးဝေးနေခဲ့သည်ကိုတွေ့ရပေလိမ့်မည်။

 

ယခုနှစ် ဇူလိုင်လ ၂၅ ရက်တွင်စတင်ခဲ့သော ‘၁၀၂၇ စစ်ဆင်ရေး’ ဒုတိယလှိုင်းမှာလည်း TNLA သည် ရှမ်းကုန်း ပြင်မြင့်၏အနောက်ဘက်အစွန်းတလျှောက်၌ တပ်စွဲထားနိုင်ခဲ့သည်။ မိုးမိတ်နှင့် မိုးကုတ်မြို့များကိုလည်း ထပ်မံ သိမ်းယူနိုင်ခဲ့ပြန်သည်။ ထိုသို့ သိမ်းပိုက်နိုင်ခဲ့သဖြင့်လည်း မန္တလေးတိုင်းအတွင်းလှုပ်ရှားနေသော မန္တလေး PDF များ၏လုပ်ငန်းများကို ပံ့ပိုးကူညီနိုင်ရန်အတွက် ခိုင်မာသောအခြေစိုက်စခန်းများ ဖန်တီးလာနိုင် ကြသည်။ စစ် သင်တန်းကျောင်းကြီးများတည်ရှိရာပြင်ဦးလွင်မြို့ကို ဖိအားပေးနိုင်ရန်အတွက် TNLA က နောင်ချိုမြို့ကို သိမ်း ပိုက်ထားနိုင်ခဲ့ပြီဖြစ်သလို ပြင်ဦးလွင်မြို့သည် မန္တလေးမြို့မရောက်ခင်နောက်ဆုံးရင်ဆိုင်ရမည်ဖြစ်သော မြန်မာ စစ်တပ်၏ကာကွယ်ရေးလမ်းကြောင်းလည်း ဖြစ်သည်။

 

'၁၀၂၇ စစ်ဆင်ရေး' ဒုတိယလှိုင်းအတွင်း အဓိကတိုက်ပွဲဇုန်။
‘၁၀၂၇ စစ်ဆင်ရေး’ ဒုတိယလှိုင်းအတွင်း အဓိကတိုက်ပွဲဇုန်။

ညီနောင်မဟာမိတ်တပ်များသည် အောင်ပွဲများရရှိနေပြီး တိုးတက်မှုများရှိနေသည်ဆိုသော်ငြား ညီနောင်မဟာ မိတ်တပ်များ၏ ရှမ်းပြည်မြောက်ပိုင်းလုပ်ငန်းစဥ်များက အပြီးမသတ်သေးပါ။ ဩဂုတ်လဆန်းပိုင်း၌ MNDAA ကလားရှိုးမြို့ကိုသိမ်းပိုက်နိုင်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့သည် (ပုံ- ၁ တွင်ပြထားသောမြေပုံကိုကြည့်ပါ) လမ်းကြောင်း ၄၁၊ ၄၄ နှင့် ၄၄၅ တလျှောက် ၎င်းတို့၏ထိန်းချုပ်မှုကိုတိုးချဲ့ရန် ကြိုးပမ်းခဲ့သည်။ ထို့သို့ကြိုးပမ်းရ ခြင်းမှာလည်း တောင်ပိုင်းတွင် ၎င်းတို့၏ထိန်းချုပ်မှုကိုတိုးချဲ့ရန်ဖြစ်ပြီး အဆိုပါလမ်း ကြောင်းများသည် ရှမ်းပြည် မြောက်ပိုင်းနှင့်တောင်ပိုင်းကြား အဓိကဆက်စပ်နေသောလမ်းများဖြစ်ကာ အဆိုပါ လမ်းကြောင်းများကနေ တ ဆင့်မြန်မာစစ်တပ်က ၎င်းတို့၏တန်ပြန်ထိုးစစ်များ စတင်လာနိုင်သောကြောင့်ဖြစ်သည်။

သို့သော် စက်တင်ဘာလအရောက်မှာတော့ MNDAA သည် ၎င်းတို့ထိုးစစ်အား ရပ်တန့်ပစ်ခဲ့သည်။ ထိုအချိန် သည် စစ်ကောင်စီက နမ့်လန်နှင့် မိုင်းရယ်မြို့များသို့ ၎င်းတို့၏စစ်ကူများစေလွှတ်နေချိန်ဖြစ်သည်။ ဇူလိုင်လ မှာတော့ MNDAA ၏ထိုးစစ်က မိုင်းရယ်မြို့အနီးထိရောက်ရှိလာခဲ့သောကြောင့် UWSA နှင့် SSPP တပ်များ မိုင်းရယ်မြို့တွင်းသို့ဝင်ရောက်လာခဲ့ပြီးနောက် မိုင်းရယ်မြို့ကို SSPP က ဇူလိုင်လ ၁၂ ရက်တွင် စတင်တပ်စွဲ လိုက်သည်ဟု SSPP ကထုတ်ပြန်ကြေညာခဲ့သည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့အတွက် နောက်ထပ်အရေးကြီးသောပြဿနာတစ်ရပ်က သီပေါမြို့ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် သီပေါမြို့သည် နံပတ် ၃ နှင့် ၄၄ အဝေးပြေးလမ်းမကြီးလမ်းဆုံအနီးတည်ရှိနေသောကြောင့် ဖြစ် သည်။ (ပုံ- ၂ တွင်ပြထားသောမြေပုံကိုကြည့်ပါ) ယင်းအပြင် မြန်မာနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှုအများစုပြု လုပ်ခဲ့ကြသည့် အမှတ်- ၃ အမြန်လမ်းမကြီးတလျှောက်၌ TNLA ၏ထိန်းချုပ်မှုပိုမိုအားကောင်းလာမည်ဖြစ် သည်။

 

–

မန္တလေးနှင့် တောင်ကြီးမြို့အထိချဥ်းကပ်နိုင်သော တောင်ခမ်းတဝိုက် မဟာဗျူဟာမြောက်မြေပုံ။

အောက်တိုဘာလ ၁၃ ရက်တွင် TNLA က သီပေါမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ဩဂုတ်လကစ၍ TNLA က တောင်ခမ်းကို စတင်တိုက်ခိုက်ခဲ့သည်။ တောင်ခမ်းသည် ပြင်ဦးလွင်နှင့် မန္တလေးကို ချဥ်းကပ်ရာ အဓိကနေရာဖြစ်သည်။ မြေအနေအထားအရဆိုလျှင်လည်း ခံစစ်အတွက်အဆင်ပြေသောနေရာ ဖြစ်သည့်အတွက် မြန်မာစစ်တပ်ဘက်က ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်လျက်ရှိသည်။ (တောင်ခမ်းကို TNLA က သိမ်းပိုက်လိုက်ပြီဟူသောသတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပါ)

 

တောင်တန်းများမှသည် မြေပြန့်ဆီသို့

‘၁၀၂၇ စစ်ဆင်ရေး’ဒုတိယလှိုင်းအတွင်း ထင်ရှားသိသာသောအချက်တစ်ချက်က မန္တလေး PDF များ၏ မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များအတွင်း ဆောင်ရွက်မှုများဖြစ်သည်။ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင် သာနှင့် နွားထိုးကြီးမြို့များအပါအဝင် မြင်းခြံခရိုင်အနှံ့တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက် အောက်ခံ PDF များက ထိုးစစ်ဆင်နေကြသည်။ အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင် အထူးစစ်ဆင်ရေးဟု အမည်ပေးထားကြောင်း NUG ကဆိုသည်။

NUG နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တရားဝင်မဟာမိတ်များမဟုတ်ကြသော်လည်း ယခုနှစ်အစောပိုင်းက တည်းကပင် ၎င်းတို့အကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြပုံပေါ် သည်။

အချို့သော တန်ပြန်တိုက်ခိုက်မှုများကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်နိုင်ခဲ့သော်လည်း လူအင်အားပြတ် လပ်မှုများနှင့် အပြင်းအထန်ရင်ဆိုင်နေရသောမြန်မာစစ်တပ်သည် မန္တလေး PDF များအား အင်အားအသုံးပြု တိုက်ခိုက်ခြင်းမျိုး ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ PDF များသည် လက်နက်ပိုင်းတွင် အားနည်းမှုများရှိနေသော် ငြား မကြာသေးမီက မန္တလေးမြို့အနီးဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများက စစ်ကောင်စီအားအရှက်ရစေမည့် အဓိ ကအချက်ဖြစ်သည်။ ရှုပ်ထွေးသောစစ်ဆင်ရေးများလုပ်ဆောင်ရန်အတွက် PDF များတွင် အမိန့်ပေးထိန်းချုပ် မှုများ လိုအပ်နေသေးသည်။ ထို့ကြောင့်လည်း ညီနောင်မဟာမိတ်အဖွဲ့များသည် မြန်မာနိုင်ငံရှိမည့်သည့် PDF များထက်မဆို မြန်မာစစ်တပ်ကို အကောင်းဆုံးခြိမ်းခြောက်နိုင်သူများဖြစ်သည်ဟု စစ်ကောင်စီကယူဆထား သည်။

မန္တလေးမြို့တော်အား တိုက်ခိုက်သိမ်းပိုက်ရန်နှင့် အောင်ပွဲဆွတ်ခူးရန်အတွက်ဆိုလျှင်မူ ညီနောင်မဟာမိတ်အဖွဲ့ များ၏ သိသာထင်ရှားသော ပူးပေါင်းပါဝင်မှုမျိုးလိုအပ်သည်။ သို့သော် မြေပြန့်ဘက်၌ တစ်စုံတစ်ရာအားထုတ် မှုမျိုးမပြုလုပ်သေးဘဲ ရှမ်းပြည်မြောက်ပိုင်းရှိ တောင်ခမ်းနှင့် သီပေါကဲ့သို့သော မဟာဗျူဟာမြောက်နယ်မြေ များအားထိန်းချုပ်နိုင်ရန် TNLA နှင့် MNDAA တို့က ပို၍အာရုံစိုက်နေပုံပေါ်သည်။ ယခုဆိုလျှင်တော့ သီပေါမြို့ ကို TNLA က ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်၏။ ယင်းအပြင် မန္တလေးတိုင်းအတွက် ကြိုးစားမှုမှန်သမျှကို ပြင်ဦးလွင်က အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ပြင်ဦးလွင်မြို့ကို ပထမဆုံးသိမ်းပိုက်ဖို့လိုအပ်သည်။ သို့မဟုတ်ပါက သဲထဲရေ သွန် ဖြစ်ရပေလိမ့်မည်။

 

နောက်ထပ်စဥ်းစားစရာတစ်ချက်က အကယ်၍ မန္တလေးမြို့ကိုသာ TNLA နှင့် MNDAA တို့က ထိုးစစ်ဆင်တိုက် ခိုက်မည်ဆိုပါက အချိန်မည်မျှကြာအောင်ပြင်ဆင်ရမည်နည်းဆိုသည့်ကိစ္စဖြစ်သည်။ ပြီးခဲ့သောဇွန်လကတည်း ကစတင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း ညီနောင်မဟာမိတ်များဘက်က တိုက်ခိုက်ရေးသမား မည်မျှဆုံးရှုံးခဲ့ သနည်းဆိုသည်နှင့် ထိုကဲ့သို့ဆုံးရှုံးသွားသော တပ်ဖွဲ့ဝင်များ၏နေရာတွင်အစားထိုးမည့် တပ်ဖွဲ့ဝင်အရေအတွက် လုံလောက်မှုရှိ၊ မရှိဆိုသည်ကလည်း မန္တလေးမြို့ကိုထိုးစစ်ဆင်ဖို့တွင် တစ်စိတ်တစ်ပိုင်းအားဖြင့် မူတည်နေမည် ဖြစ်သည်။ စစ်ဆင်ရေးကာလများအတွင်း ညီနောင်မဟာမိတ်များဘက်က ကျဆုံးမှုများကို တိတိကျကျမသိရ သေးသော်လည်း မြင့်မားနိုင်ဖွယ်ရှိသည်။

မန္တလေးမြို့ကိုသိမ်းပိုက်ရန်အတွက် ခဲယမ်းမီးကျောက်များ၊ လောင်စာဆီနှင့် အခြားသောထောက်ပံ့ရေးပစ္စည်း အမြောက်အမြားလိုအပ်မည်ဖြစ်သည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များအတွက်လိုအပ်သောအရာများ ရရှိဖို့ဆို သည်ကလည်း လက်ရှိအခြေအနေများအရမလွယ်ကူပါ။ အဘယ့်ကြောင့်ဆိုသော် ပြီးခဲ့သော ဇွန်လနှောင်းပိုင်း တိုက်ပွဲများပြန်လည်စတင်ချိန်တွင် တရုတ်နိုင်ငံဘက်က ကန့်သတ်မှုများစတင်ခဲ့သောကြောင့်ဖြစ်သည်။ ထပ်မံ ကိုးကားစရာမှာ ယခုနှစ်ဇန်နဝါရီလတွင် တရုတ်၏ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာ မိတ်အဖွဲ့များ အပစ်အခတ်ရပ်စဲပြီးနောက် ဒုတိယလှိုင်းပြန်လည်စတင်ရန်အတွက် ၆ လထက်မနည်း အချိန်ယူ ပြင်ဆင်ခဲ့ရခြင်းဖြစ်သည်။

လားရှိုးမြို့ကို မကြာသေးခင်ကပဲ သိမ်းပိုက်လိုက်နိုင်ခြင်းသည် မြို့ပြစစ်ပွဲများအတွက် ညီနောင်မဟာမိတ်အဖွဲ့ များ၏စွမ်းဆောင်ရည်ကို အလေးပေးဖော်ပြခဲ့ခြင်းဖြစ်သလို စစ်ကောင်စီ၏အားနည်းချက်နှင့် မဟာဗျူဟာကျ ရှုံးခန်းတို့ကို ဖော်ပြနေခြင်းလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မန္တလေးမြို့ကိုသိမ်းပိုက်ခြင်းက ရှမ်းမြောက် တောင်တန်းများပေါ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများထက် သိသိသာသာ ပို၍ခက်ခဲမည်လည်းဖြစ်သည်။ မန္တလေး မြို့ကိုတိုက်ခိုက်လာမည့်သူများအတွက် စစ်ကောင်စီက လေကြောင်းစွမ်းအားနှင့် သံချပ်ကာများ ပြင်ဆင်ထား သည်။ မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သောမန္တလေးမြို့သည် ယခင်ကတော်ဝင်မြို့ဟောင်းဖြစ်ပြီး ရှမ်း ပြည်မြောက်ပိုင်းအတွက်လည်း ဗျုဟာမြောက်အရေးပါသည့်အတွက် စစ်ကောင်စီအနေဖြင့် ပြင်းထန်စွာခုခံ တိုက်ခိုက်ပေလိမ့်မည်။ သို့သော် လားရှိုးမြို့ကျဆုံးခန်းကိုကြည့်မည်ဆိုပါက မြန်မာစစ်တပ်သည် အဓိကမြို့ကြီး များကို ခုခံကာကွယ်နိုင်ဖို့အာမမခံနိုင်ကြောင်း သက်သေပြလျက် ရှိနေသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ရေးလေ့ကျင့်မှုနှင့် ချစ်ကြည်ရေးခရီးစဉ်ပြုလုပ်ရန် ရုရှားစစ်သင်္ဘော ၄ စင်း မြန်မာနိုင်ငံသို့ရောက်ရှိ
Next Article ဝေါမြို့နယ် ရေတံခါးဂိတ်စခန်းအား တော်လှန်ရေးတပ်သိမ်းပိုက်၊ လက်နက် ၆လက် သိမ်းဆည်း
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

May 21, 2025

အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

May 21, 2025

ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.