• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်
  • စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်
  • တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်
  • ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး
  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်
  • မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား ယုံကြည်မှု လုံးဝပြိုလဲသွားပြီဟု UNDP ဆို
  • နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာကို ဗုံးကြဲခံရ၍ အမျိုးသမီး တစ်ဦး သေဆုံး
  • NUG မှ ပြည်သူများအား လေးနှစ်ကျော်အတွင်း ကျပ် ၂၆ ဒဿမ ၇ ဘီလီယံထောက်ပံ့ထား
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ညီနောင်မဟာမိတ် ၃ ဖွဲ့က မန္တလေးကိုတိုက်ခိုက်မလား?  ဇာတ်သိမ်းပိုင်း
ဆောင်းပါး

ညီနောင်မဟာမိတ် ၃ ဖွဲ့က မန္တလေးကိုတိုက်ခိုက်မလား?  ဇာတ်သိမ်းပိုင်း

thanlwinkhetBy thanlwinkhetOctober 22, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

အောက်တိုဘာ ၂၂၊ ၂၀၂၄။

 

ခက်ခက်ခဲခဲချီတက်ရမည့် မန္တလေး

မန္တလေးမြို့ဆီချီတက်မည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ၎င်းတို့၏မိတ်ဘက်အဖွဲ့အစည်းများသည် အမျိုးမျိုးသော နိုင်ငံရေးအယူအဆများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းများကို ရင်ဆိုင်ရမည်လည်းဖြစ်သည်။ မကြာသေးသောကာလများအတွင်းကဆင်နွှဲခဲ့ကြသည့် MNDAA နှင့် TNLA တို့၏စစ်ဆင်ရေးများကို လေ့လာကြည့်မည်ဆိုပါက ၎င်းတို့ဘိုးဘွားပိုင်ပိုင်နက်ကိုကျော်လွန်ကာ နယ်မြေချဲ့ ထွင်လျက်ရှိကြောင်း သိသာထင်ရှားနေပါသည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်ကိုဆန့်ကျင်နေကြသော အခြားအုပ်စုများနှင့် ညီနောင်မဟာမိတ်အဖွဲ့များကြား တင်းမာမှုကိုဖြစ်စေခဲ့သည်။

 

- '၁၀၂၇ စစ်ဆင်ရေး'ဒုတိယလှိုင်းအတွင်း PDF များစတင်တိုက်ခိုက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိမြို့နယ်များ။
– ‘၁၀၂၇ စစ်ဆင်ရေး’ဒုတိယလှိုင်းအတွင်း PDF များစတင်တိုက်ခိုက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိမြို့နယ်များ။

MNDAA နှင့် TNLA တို့သည် ၎င်းတို့သိမ်းပိုက်ထားရာနယ်မြေများတွင် ၎င်းတို့၏ကိုယ်ပိုင်အုပ်ချုပ်ရေးများ ထူထောင်နေကြသည်။ မိုးကုတ်မြို့တွင်လည်း TNLA က ၎င်းတို့၏ကိုယ်ပိုင်အုပ်ချုပ်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိနေပြီး မြို့နယ်ယာယီစီမံခန့်ခွဲရေးကော်မတီတွင် ဒေသန္တရ PDF တပ်မှူးများ အားခန့် အပ်ထားသည်။ ယင်းကိုကြည့်ပါက ညီနောင်မဟာမိတ် ၃ ဖွဲ့တွင် အာဏာခွဲဝေလိုစိတ်အားမြင် တွေ့ နေရသော်လည်း TNLA က ၎င်းတို့လက်တွင် အာဏာကိုအချိန်မည်မျှကြာကြာ ဆုပ်ကိုင်ထားဦးမည်နည်းဆို သည်နှင့် ကျန်အဖွဲ့များထံ အာဏာကို မည်သည့်အချိန်တွင်လွှဲအပ်မည်နည်းဆိုသည်ကိုတော့ စောင့်ကြည့်ရ ဦးမည်ဖြစ်သည်။ သိသာထင်ရှားသည်မှာတော့ TNLA သည် မိုးကုတ်မြို့၏ အမြတ်အစွန်းများသော သတ္တု တူးဖော်ရေးလုပ်ငန်းများကိုတော့ အပြည့်အဝထိန်းချုပ်ထားပုံပေါ်သည်။

အကယ်၍သာ မန္တလေးမြို့ကို ညီနောင်မဟာမိတ်များက ဦးဆောင်သိမ်းပိုက်ခဲ့မည်ဆိုပါ မန္တလေးမြို့နှင့် ပတ်သက်၍ မည်ကဲ့သို့သော နိုင်ငံရေးစီမံမှုမျိုးထားရှိမည်နည်းဆိုသည်ကလည်း မေးစရာမေးခွန်းတစ်ခုဖြစ် လာသည်။ လူမျိုးစုံရောနှောနေသော သိမ်းပိုက်ပြီးနယ်မြေများတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဩဇာအာ ဏာကို NUG ကလက်ခံထားပုံပေါ်သော်လည်း တိုင်းရင်းသားနယ်မြေမဟုတ်သလို ဗမာပိုင်နယ်မြေ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော မန္တလေးလိုမြို့ကိုသိမ်းပိုက်ပြီး မိမိတို့ဩဇာအာဏာထူထောင်ဖို့ ညီနောင်မ ဟာမိတ် ၃ ဖွဲ့အနေဖြင့် ပို၍ တွန့်ဆုတ်နေမည်ကလည်း သေချာသည်။ ခြုံငုံသုံးသပ်ရမည်ဆိုလျှင်မူ အတိုက် အခံများ၏စစ်မြေပြင်တလျှောက်အောင်မြင်မှုများက နိုင်ငံရေးညှိနှိုင်းမှုများထက် သာလွန်ကောင်းမွန်နေပါ သည်။ အတိုက်အခံအင်အားစုများကြား နိုင်ငံရေးဆွေးနွေးမှုများက စစ်မြေပြင်ရလဒ်များအပေါ်တွင် တစ်စုံ တစ်ရာတည်မှီနေပြီး အထူးသဖြင့် သိမ်းပိုက်ထားသောနယ်မြေများအား ခုခံကာကွယ်နိုင်စွမ်းဖြစ်သည်။ စစ်ကောင်စီလေတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှေ့တန်းစစ်မြေပြင်ဆီကအခြေအနေများ အမြဲတမ်းပြောင်းလဲနေသဖြင့် မန္တလေးမြို့ကိုတိုက်ခိုက်မလားဆိုသည်ကလည်း မသေချာမရေရာပါ။

ယင်းအပြင် မန္တလေးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး ဆိုးကြီးကို မလွဲမသွေကျရောက်စေလိမ့်မည်။ အကယ်၍သာ လားရှိုးကျဆုံးခန်းကိုနှလုံးသွင်းပြီး မန္တလေးမြို့ ကိုပါ တိုက်ခိုက်မည်ဆိုပါက ၁ လတာကာလအတွင်းမှာပင် မြို့တွင်းတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားမည် ဖြစ်သလို မြို့နေလူဦးရေ၏ ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၁ ဒဿမ ၇ သန်းအထိ အိုးမဲ့အိမ်မဲ့ဖြစ်သွားနိုင်သည်။ လားရှိုးနှင့်မတူသည်က  မန္တလေးရှိစစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များအနေဖြင့် လွယ်လွယ်လက်နက်ချမည် မဟုတ်သဖြင့် တိုက်ပွဲကြာရှည်နိုင်ပြီး အပျက်အစီးများနိုင်သည်ဟုယူဆခြင်းက ကျိုးကြောင်းဆီလျော်မှု ပိုရှိ ပါသည်။

ယေဘုယျအားဖြင့်ဆိုရလျှင်တော့ မြန်မာပြည်သူများသည် စစ်ပွဲနှင့် NUG ကို အလွန်အမင်းထောက်ခံနေ ပုံရသည်။ သို့သော် လွိုင်ကော်မြို့ကိုသာဓကပြုရမည်ဆိုလျှင်တော့ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မြို့ ကြီးများကို သိမ်းပိုက်နိုင်ရန်အတွက် မြို့ပြစစ်ဆင်ရေးများဆင်နွှဲရာ၌ ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရသလို မြို့ကိုမသိမ်းပိုက်နိုင်သေးဘဲ စစ်ပွဲကာလကြာမြင့်နေသောကြောင့် ပြည်သူများအကြား မကျေနပ် မှုများ ပေါ်ပေါက်လာနေသည်။ လွိုင်ကော်မြို့အား ပြီးခဲ့သောနှစ်နိုဝင်ဘာကတည်းကပင် တော်လှန်ရေးအင် အားစုများက သိမ်းပိုက်လုနီးပါးဖြစ်ခဲ့သော်လည်း ၆ လဝန်းကျင်အကြာမှာတော့ စစ်ကောင်စီက ပြန်လည် သိမ်းယူသွားနိုင်ခဲ့သည်။

 

ဘေဂျင်း၏အခန်းကဏ္ဍ

ညီနောင်မဟာမိတ်အဖွဲ့များ၏စစ်ဆင်ရေး ၁ နှစ်နီးပါးရှိလာချိန်မှာတော့ ဘေဂျင်း၏အခန်းကဏ္ဍက ထင်ထင် ရှားရှားထွက်ပေါ်လာသည်။ သို့သော် မြန်မာနှင့်ပတ်သက်သော ဘေဂျင်း၏မူဝါဒက တသမတ်တည်းမဟုတ် သလို ပွင့်လင်းမြင်သာမှုလည်းမရှိပါ။

သမိုင်းကြောင်းအရကြည့်မည်ဆိုလျှင်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ၌ ၎င်း၏အကျိုးစီးပွားကိုကာကွယ်ရန် မြန်မာစစ်တပ်ကိုရော မြောက်ပိုင်း EAO များကိုပါ လက်နက်များကူညီပံ့ပိုးပေးခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်တွင်လည်း တရုတ်နိုင်ငံ၏အဆို ပါသဘောထားများ ဆက်လက်တည်ရှိနေသည်ကိုတွေ့ရသည်။ ထို့အတွက်ကြောင့်လည်း တရုတ်နိုင်ငံက မည်သူ့ကိုကူညီနေသနည်းဆိုသည့်ပေါ်မူတည်ပြီး တိုက်ပွဲတွင်လည်း အတက်အကျများရှိနေသည်။ ဘေဂျင်း တွင် မြန်မာနှင့်ပတ်သက်သောဗျူဟာက တသမတ်တည်းရှိနေသလား? ဒါမှမဟုတ် ဘေဂျင်းသည် ဖြစ်ပေါ် လာသောအခြေအနေများအပေါ် မီးစင်ကြည့် ကနေသလား? ဆိုသည်ကလည်း ပြောရခက်ပါ သည်။

 

နောက်ထပ်ထည့်သွင်းစဥ်းစားစရာက တရုတ်နိုင်ငံရှိ မတူညီသောသရုပ်ဆောင်များနှင့် ၎င်းတို့၏ အကျိုး စီးပွားနှင့် သက်ဆိုင်သောအခန်းကဏ္ဍဖြစ်သည်။ မြန်မာနိုင်ငံပြိုကွဲနိုင်ခြေအပေါ် တရုတ်က အဓိကစိုးရိမ်နေ ပုံရပြီး အတိုက်အခံများထက်စစ်ကောင်စီက တိုင်းပြည်မပြိုကွဲအောင်စုစည်းဖို့ အခွင့်အလမ်းပိုများသည် ဟု တရုတ်က ယုံကြည်ထားပုံပေါ်သည်။ ထို့ကြောင့်လည်း စစ်ကောင်စီကိုကူညီဖို့တရုတ်တွင် ဆန္ဒပိုရှိနေသည်။ ယူနန်ပြည်နယ်အစိုးရအနေဖြင့်လည်း နယ်စပ်တလျှောက်ရှိစီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအ ပေါ်ပို၍အကဲဆတ်နေကြသည်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကတော့ မြောက်ပိုင်း EAO များနှင့် နီးကပ်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရမည်ဟု ယူဆထားသည်။

‘၁၀၂၇ စစ်ဆင်ရေး’ဒုတိယလှိုင်း ပြန်လည်စတင်သည်နှင့် တရုတ်နိုင်ငံဘက်က နယ်စပ်များပိတ်ပစ်ခြင်း အပါအဝင် ညီနောင်မဟာမိတ်များဖိအားဖြစ်စေရန် အခြားသောပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သည်။ သို့သော် စစ်မြေပြင်ကရရှိသော သတင်းရင်းမြစ်များ၏အဆိုအရမူ MNDAA သည် တရုတ်နယ်စပ်ဘက်ကဝင်လာ သည့် လက်နက်များအား ဆက်လက်ကိုင်ဆောင်ထားဆဲဖြစ်သည်ဟုသိရသည်။ တရုတ်နိုင်ငံ၏  ဤသို့သော ဆန့်ကျင်ဘက်အပြုအမူများက အကာအကွယ်ပေးခြင်းဖြစ်နိုင်သလို ၎င်းတို့၏လက်ငင်းအကျိုးစီးပွား ကြောင့် ဘေဂျင်း၏သည်းခံနေရမှုကိုလည်း ရောင်ပြန်ဟပ်နေခြင်းလည်းဖြစ်သည်။

နောက်ထပ်ဖြစ်နိုင်စရာတစ်ခုမှာ ဘေဂျင်း၏ဦးစားပေးစာရင်းများနှင့် နှိုင်းယှဥ်ကြည့်မည်ဆိုပါက မြန်မာနိုင် ငံက အဆင့်နိမ့်နေသောကြောင့်လည်း ဖြစ်နိုင်သည်။ ရှမ်းပြည်မြောက်ပိုင်းတွင် ဆိုက်ဘာလိမ်လည်မှုများ မြင့်တက်လာမှုကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ခဲ့သော်လည်း ပဋိပက္ခများအား ပို၍ပြတ်သား သောရလဒ်များဆီတွန်းပို့ဖို့ရန်ကလည်း အကန့်အသတ်ရှိပုံပေါ်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသည် ညီနောင်မဟာမိတ်အဖွဲ့များ၏ လားရှိုးမြို့သိမ်းတိုက်ပွဲများအား ဟန့်တားရန်လုပ်ဆောင်ခဲ့သော်လည်း လုပ် နိုင်သမျှအားလုံး ဆောင်ရွက်ခဲ့ခြင်းတော့မဟုတ်ပါ။ မှတ်သားစရာမှာ ယူနန်ပြည်နယ်အတွင်းရှိ MNDAA နှင့် TNLA တပ်ဖွဲ့ဝင်များအားဖမ်းဆီးရန် ဘေဂျင်းရှိတာဝန်ရှိသူများက ဒေသအာဏာပိုင်များအား မညွှန်ကြားခဲ့ ခြင်းဖြစ်သည်။

 

မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများအရဆိုလျှင်လည်း စစ်ကောင်စီသည် နောက်ထပ်ဆင်နွှဲရဦးမည့် စစ် မြေပြင်တွင် ရှုံးနိမ့်မှုများ ထပ်မံကြုံတွေ့ရနိုင်ဖွယ်ရှိသော်လည်း စစ်ကောင်စီကို အကာအကွယ်ပေးရန် တရုတ်ဘက်တွင် သဘောထားကန့်သတ်ချက်များရှိနေသလို EAO များအပေါ် အတိုင်းအတာတစ်ခုအထိ ဩဇာလွှမ်းမိုးနိုင်ရန်ကိုလည်း ဘေဂျင်းအနေဖြင့် ရုန်းကန်နေရသည်။ အခြားသော သတင်းရင်းမြစ်အရဆို လျှင်မူ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ၏ဩဇာကျဆင်းနေမှုက အမေရိကန်ကဲ့သို့သော အခြားသော (တရုတ် မဟုတ်သူများ) ဇာတ်ဆောင်များ မြန်မာနိုင်ငံတွင်ဩဇာလွှမ်းမိုးနိုင်ရန် အခွင့်အရေးပေးသလိုဖြစ် နေသည့်အတွက် ယင်းကိုပင် တရုတ်နိုင်ငံက အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိနေသည်ဟု သိရသည်။ အထူး သဖြင့် မြောက်ပိုင်း EAO များသည် NUG နှင့်ဆက်ဆံရေးကြီးမားလာနေပြီး ယင်းကြီးမားလာနေမှုကနေ တဆင့် အကျိုးခံစားခွင့်များရရှိသွားမည်ကို တရုတ်ကစိုးရိမ်နေပါသည်။ မကြာသေးမီကကြေညာခဲ့သော တရုတ်နိုင်ငံ၏ မြန်မာ့အရေးနှင့်ပတ်သက်သော စည်း ၃ စည်းကြေညာချက်တွင်လည်း ဘေဂျင်း၏ဆန္ဒ ပေါ်လွင်ထင်ရှားနေသည်။ ယင်းကြေညာချက်တွင် ပြင်ပဝင်ရောက်စွက်ဖက်မှုများနှင့်ပတ်သက်၍ ပြင်းထန် သောသတိ ပေးချက်များပါဝင်သည်။ လားရှိုးမြို့ကိုသိမ်းပိုက်စဥ်က ညီနောင်မဟာမိတ်များအားတားမြစ်ဖို့ တရုတ်နိုင်ငံဘက်က ဘာကြောင့် အစွမ်းကုန်မကြိုးစားခဲ့သလဲ? ဆိုသည့်မေးခွန်းအတွက် အထက်ဖော်ပြပါ အကြောင်းအရာများက အဖြေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံက ညီနောင်မဟာမိတ်များ အပေါ် ဖိအားအလွန်အကျွံပေးမည်ဆိုပါက အခြားသောပြင်ပအင်အားစုများထံ ၎င်းတို့အားတွန်းပို့လိုက် သလိုဖြစ်သွားမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။

 

‘၁၀၂၇ စစ်ဆင်ရေး’ဒုတိယလှိုင်းတွင် တရုတ်နိုင်ငံက ညီနောင်မဟာမိတ်အဖွဲ့များအားဟန့်တားရန် ပို၍ပြတ် ပြတ်သားသားလုပ်ဆောင်ခဲ့သည့် လက္ခဏာတချို့တော့ရှိသည်။ စစ်ကောင်စီနှင့်နီးကပ်သော သတင်းရင်း မြစ်များကမူ တရုတ်နိုင်ငံသည် UAV များနှင့် စစ်လက်နက်များအား စစ်ကောင်စီထံ အရှိန်မြှင့်လွှဲအပ်နေ သည်ဟုဆိုသည်။ စစ်ကောင်စီ၏စစ်ဆင်ရေးများအတွက် ငွေကြေးအကူအညီများ ဘယ်ကရသနည်းဆို သည်အား လေ့လာကြည့်ရာတွင် ဖြစ်နိုင်စရာမှာ အခြေခံအဆောက်အဦဆိုင်ရာပရောဂျက်နှင့် ဆက်စပ်နေ သည့် အဆင့်မြင့်ပေးချေမှုပုံစံဖြင့် ဖြစ်နိုင်သည်။ သို့သော် အသေးစိတ်အချက်အလက်များကိုစုံစမ်းရန် ကန့် သတ်မှုများရှိနေပြီး ငွေများပေးချေပြီးပြီလားဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါ။ တစ်ချိန် တည်းမှာပဲ တရုတ်နိုင်ငံသည် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ကိုလည်း ဖိအားများပေး နေသည်။ UWSA က အခြားသောလက်နက်ကိုင်အဖွဲ့များအား လက်နက်များပေးအပ်ခြင်းနေခြင်းကို ချက် ချင်းရပ်တန့်ရန်အပါအဝင် လက်နက်နှင့် ထောက်ပံ့ရေးစီးဆင်းနေမှုများအပေါ် ကန့်သတ်ချက်များ ထပ်မံ ဆောင်ရွက်ထားသည်။

 

မသိနိုင်ခြင်းများ

MNDAA သည် NUG နှင့် နိုင်ငံရေး သို့မဟုတ် စစ်ရေးဆိုင်ရာကိစ္စရပ်များ၌ မဟာမိတ်အဖြစ်ပူးပေါင်းမည် မဟုတ်ကြောင်း ပြီးခဲ့သော စက်တင်ဘာ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် မန္တလေး မြို့နှင့် တောင်ကြီးမြို့များအား ၎င်းတို့အနေဖြင့် တိုက်ခိုက်သွားဖို့ဆန္ဒမရှိပါဟုလည်း အဖွဲ့က အခိုင်အမာဆို ထားသည်။ တရုတ်ဘာသာစကားဖြင့်ထုတ်ပြန်ခဲ့သော အဆိုပါကြေညာချက်အား အွန်လိုင်းပေါ်သို့ MNDAA က ပထမအကြိမ်တင်ခဲ့ပြီး မကြာခင်မှာပဲ ပြန်လည်ဖြုတ်ချသွားခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ဖိအား ကြောင့် စက်တင်ဘာလ ၁၉ ရက်မှာတော့ အဆိုပါထုတ်ပြန်ချက်အား မြန်မာဘာသာဖြင့် ပြန်လည်ထုတ်ပြန် ခဲ့သည်။

 

MNDAA ၏ အဆိုပါထုတ်ပြန်ချက်များက ၎င်းတို့၏ ရည်ရွယ်ချက်အမှန်အား အနည်းငယ်မျှသာဖော်ပြနိုင် သည်။ လားရှိုးမြို့အား ဝန်းရံပိတ်ဆို့ထားစဥ်တုန်းကလည်း ဘေဂျင်း၏ကြားဝင်စေ့စပ်မှုကြောင့် အပစ် အခတ်ရပ်စဲရေးများဆောင်ရွက်ခဲ့သော်လည်း တိုက်ပွဲများကတော့ ရပ်တန့်သွားခဲ့ခြင်းမရှိပါ။ NUG နှင့် ပိုမို ကောင်းမွန်သောဆက်ဆံရေးက ညီနောင်မဟာမိတ်အဖွဲ့များအား ၎င်းတို့၏ နယ်မြေချဲ့ထွင်မှုများအတွက် နိုင် ငံရေးအရ တရားမျှတမှုကိုပံ့ပိုးပေးမည်သာဖြစ်သည်။

မြန်မာစစ်တပ်က ညီနောင်မဟာမိတ်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် မကြာသေးခင်ကပင် ကြေညာထားသလို ၎င်းတို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးရန်မရှိပါဟုလည်း စစ်ကောင်စီက ဆိုထားသည်။ MND AA အနေဖြင့် လက်ရှိသိမ်းပိုက်ထားပြီးသားနယ်မြေမျှလောက်ဖြင့် ကျေနပ်မှုရှိနိုင်သော်လည်း စစ်ကောင်စီ ၏လေကြောင်းတိုက်ခိုက်မှုများ သို့မဟုတ် တန်ပြန်ထိုးစစ်များက ညီနောင်မဟာမိတ်အဖွဲ့များအား ပြင်ဦး လွင် သို့မဟုတ် မန္တလေးကိုချီတက်ရန် အကြောင်းပြချက်ကောင်းများ ဖြစ်လာနိုင်သည်။

ယမန်နှစ်က အဖြစ်အပျက်များအရဆိုလျှင်လည်း မြန်မာစစ်တပ်သည် အားနည်းလာနေသည်နှင့်အညီ ယင်း ကိုပင်အခွင့်ကောင်းယူပြီး ညီနောင်မဟာမိတ်များက ၎င်းတို့၏ရည်မှန်းချက်များအား ဆက်လက် အကောင် အထည်ဖော်ကာ နယ်မြေများချဲ့ထွင်ခဲ့သည်။

အကယ်၍ ညီနောင်မဟာမိတ်များကသာ မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက နေပြည်တော် သို့ဆက်လက်ချီတက်ရန် လမ်းဖွင့်ပေးလိုက်သလိုလည်း ဖြစ်သွားပေလိမ့်မည်။

 

“Morgan Michaels” ရေးသားသော ” Is the Brotherhood headed to Mandalay?” ကို ဆီလျော် အောင်ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနောင်ချိုမြို့နှင့် နမ့်ဆန်မြို့နယ်တို့တွင် စစ်တပ်ဗုံးကြဲ၊ လူနေအိမ်တစ်ချို့နှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး
Next Article တော်လှန်ရေးပူးပေါင်းတပ်တွေ ဆွဲနုတ်ခဲ့တဲ့ ဆူးတစ်‌ချောင်း (သို့) စွယ်တော်ကုန်းအောင်ပွဲ
thanlwinkhet
  • Website

Related Posts

အရှေ့တီမော၏ မြန်မာစစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေး အပြောင်းအလဲ

October 3, 2025

အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား

October 3, 2025

စစ်ကော်မရှင် လက်ခုပ်ထဲက ရေလို ဘဝများ

September 29, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်
  • စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်
  • တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်
  • ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး
  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်

စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်

တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်

ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်

October 17, 2025

စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်

October 17, 2025

တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်

October 17, 2025

ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး

October 15, 2025

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်

October 15, 2025

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား ယုံကြည်မှု လုံးဝပြိုလဲသွားပြီဟု UNDP ဆို

October 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.