• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်
  • ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော
  • NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်
  • မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း
  • မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား
  • ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ
  • စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ပါဝင်သည့် မြို့နယ်စာရင်းထုတ်ပြန်
  • ရန်ကုန်တွင် ပြင်းအား ၅ ဒဿမ ၄ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»၂၀၂၄ ခုနှစ် (သို့) စံချိန်တင် ပြည်နှင်ဒဏ်နှစ်
ဆောင်းပါး

၂၀၂၄ ခုနှစ် (သို့) စံချိန်တင် ပြည်နှင်ဒဏ်နှစ်

thanlwinkhetBy thanlwinkhetOctober 8, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

အောက်တိုဘာ ၈၊ ၂၀၂၄။

 

ပြည်နှင်ဒဏ်ဆိုတာဟာ ထောင်သွင်းအကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ်ကို လျှော့ပေါ့ပေးပြီး သူတို့ရဲ့မူလနိုင်ငံတွေဆီ တပါတည်း ပို့ဆောင်တာမျိုးဖြစ်ပါတယ်။ မြန်မာပြည်တွင်း ပြန်လည်ခြေချခွင့်မရအောင် ပိတ်ပင်လိုက်တဲ့ ပြစ်ဒဏ်တစ်မျိုးပါ။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားမှာ ပြီးခဲ့တဲ့ ၁၀ လ အတွင်း နိုင်ငံခြားသား ၅၀,၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

 

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံခြားသားတွေဖြစ်တဲ့ မစ္စတာရှောင်တာနယ်နဲ့ အမေရိကန်နိုင်ငံသား သတင်းထောက်ဒန်နီဖန်စတာတို့ကို ပြည်နှင်ဒဏ်ပေးခဲ့တာအပါအဝင် အခု ၂၀၂၄ ခုနှစ်ဟာ စံချိန်တင်ပြည်နှင်ဒဏ်ပေးမှုအများဆုံးနှစ်ဖြစ်လာနေပါတယ်။

 

အထူးသဖြင့် ၁၀၂၇ ပထမလှိုင်းမှာ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို စစ်ရှုံးခဲ့ရပြီး တရုတ်ရဲ့တောင်းဆိုချက်ကို လိုက်လျောခဲ့ရတဲ့ စစ်ကောင်စီ ပြည်နှင်ဒဏ်ပေးခဲ့သူတွေထဲမှာ တရားမဝင်နေထိုင်သူတွေနဲ့ ရာဇဝတ်လုပ်ငန်းလုပ်ကိုင်သူတွေပါဝင်ပြီး အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။

 

နယ်စပ်ဖြတ်ကျော် မှုခင်းတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အာဆီယံရဲတပ်ဖွဲ့၊ နိုင်ငံတကာရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်း ဆောင်ရွက်တာတွေလုပ်နေတယ်လို့ စစ်ခေါင်းဆောင်က သဏ္ဍာန်လုပ်ပြောဆိုခဲ့တာပါ။ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းရရှိဖို့ ဒီနှစ်မကုန်ခင် တရားမဝင်နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးတာတွေ တိုးလာနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။

 

ပြည်နှင်ဒဏ်ပေးမှု ဘာတွေထူးခြားသလဲ

************************

၂၀၂၃ နှစ်လယ်ပိုင်းလောက်ကစလို့ တရုတ်နိုင်ငံရဲ့ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းတွေက စတင်လာခဲ့ပါတယ်။ ဖူးလီလိုက်ကုမ္ပဏီပိုင်ရှင် ဦးမောင်မောင်အပါအဝင် ကိုးကန့်သူဌေး ၁၁ ဦး တရုတ်မြေပေါ်မှာ ဖမ်းဆီးခံလိုက်ရပြီး ဝတပ်ဖွဲ့ရဲ့ စစ်ရေးခေါင်းဆောင်နှစ်ဦးကိုလည်း ဝရမ်းထုတ်ခဲ့ပါတယ်။

 

အဲဒီနောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာပြီး ကိုးကန့်ဒေသက ကျားဖြန့်လုပ်ငန်းတွေ ဆက်တိုက်နှိမ်နင်းခံရပြီး အခုနှစ်အစပိုင်းကနေ လက်ရှိအထိ စစ်ကောင်စီနဲ့ ဝတပ်ဖွဲ့တို့က ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၄၀,၀၀၀ ကျော်ကို လွှဲပြောင်းပေးခဲ့ပြီဖြစ်တယ်လို့ တရုတ်လုံခြုံရေးဌာနရဲ့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

 

အခုလို စစ်ကောင်စီက တရုတ်ဘက်လွှဲပြောင်းပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ရမှုတွေဟာ အရင်ကနဲ့မတူဘဲ ကွဲပြားခြားနားမှုတွေရှိနေပါတယ်။

 

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအဖမ်းခံခဲ့ရသူဟာ နိုင်ငံတော်အတိုင်ပင်ခံ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ်လုပ်ကိုင်ခဲ့တဲ့ မစ္စတာရှောင်တာနယ်ဖြစ်ပါတယ်။ စစ်တပ်က သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

 

သူဟာ ရက်ပေါင်း ၆၅၀ ထိန်းသိမ်းခံရပြီးနောက် ၂၀၂၂ နိုဝင်ဘာလမှာ ဩစတြေးလျနိုင်ငံကို ပြည်နှင်ဒဏ်ချမှတ်လိုက်ပါတယ်။

 

နောက်တစ်ဦးကတော့ အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာဖြစ်ပြီး သူ့ကို စစ်ကောင်စီက သူ့ကိုနိုင်ငံတော်ဆူ ပူလှုံ့ဆော်မှု၊ မတရားအသင်းများနှင့် ဆက်သွယ်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရပါတယ်။

 

သူဟာအာ ဏာမသိမ်းခင်က ပြည်တွင်း သတင်းမီဒီယာတိုက်တွေဖြစ်တဲ့ Myanmar Now နဲ့ Frontier Myanmar တို့မှာ သတင်းအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

 

အင်းစိန်ထောင်မှာ ငါးလကျော်လောက် ထောင်တွင်းအကျဉ်းချခဲ့ရပြီးနောက် နိုဝင်ဘာလမှာ စစ်ကောင်စီက အမေရိကန်နိုင်ငံကို ပြည်နှင်ဒဏ်ချမှတ်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံသားတွေကိုတော့ ထောင်ဒဏ်ကျခံနေရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်နှင်ဒဏ်ပေးမှုတွေလိုမဟုတ်ခဲ့ဘဲ ဖမ်းဆီးကာ တရုတ်နိုင်ငံဘက် ချက်ချင်းလွှဲပြောင်းပေးခဲ့မှုတွေ ဖြစ်ခဲ့ပါတယ်။

 

ပြည်နှင်ဒဏ်ပေးခံရသူတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရအမတ်တွေဖြစ်ခဲ့တဲ့ ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းတို့အပါအဝင် ၁၀ ဦးကို နေပြည်တော်မှာ တရုတ်ရဲတပ်ဖွဲ့ထံ အခုနှစ်ဇန်နဝါရီ ၃၀ ရက်မှာ လွှဲပြောင်းအပ်နှံခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာ- ထိုင်းနယ်စပ် သောင်းရင်းမြစ်နဘေးက ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ ရွှေကုက္ကို (ရထိုက်) မြို့ သစ်ဆိုတာဟာ နိုင်ငံတကာအဆင့်မီမြို့သစ်စီမံကိန်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

 

လက်ရှိမှာတော့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေ အမြောက်အများရှိရာနေရာတစ်ခုအဖြစ် အင်အားကြီးနိုင်ငံတွေရဲ့ စောင့်ကြည့်မှုကို အထူးခံနေရပါတယ်။

 

တရုတ်လူမျိုး ကမ္ဘောဒီးယားနိုင်ငံသားခံယူထားသူ မစ္စတာရှီကျင့်ကျန်းဆိုသူရဲ့ ရထိုက်ကုမ္ပဏီက အဲဒီလုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေတာဖြစ်ပြီး BGF က နှစ်တိုင်းနှစ်တိုင်း ခန့်မှန်းခြေကန်ဒေါ်လာ သန်း ၁၀၀ ထက်မနည်း အကျိုးအမြတ်ရရှိနေတယ်လို့ အမေရိကန်အခြေစိုက် သုသေတနအဖွဲ့တစ်ခုဖြစ်တဲ့ USIP ရဲ့ အခုနှစ်အစီရင်ခံစာက ထောက်ပြထားပါတယ်။

 

ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ မြန်မာနိုင်ငံထဲမှာကို အဲဒီလို အကျူးလွန်ခံရသူပေါင်း ၁၂၀,၀၀၀ အနည်းဆုံးရှိနိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ KK Park၊ Yulong Bay Parkနဲ့ Apollo Park တို့လို ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းတွေလုပ်ဆောင်ရာ ခြံဝန်းကျယ်ကြီးတွေလည်း တည်ရှိနေပါတယ်။

 

ရှမ်းမြောက်ဒေသက ကျားဖြန့်နှိမ်နင်းရေးလှိုင်းလုံးဟာ အခုနှစ်ဆန်းပိုင်းမှာ ကရင်ပြည်နယ်ထဲကိုလည်း ရိုက်ခတ်လာခဲ့ပါ တယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသား ၉၉၇ ဦးကို ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံဆီ ပို့ဆောင်ပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။

 

ဒါပေမယ့် ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းတွေက ခေတ္တရပ်တန့်သွားခဲ့ပါတယ်။ လာမယ့် အောက်တိုဘာလကုန်နောက်ဆုံးထား ပြီး ကျားဖြန့်သမားတွေ ထွက်ခွာဖို့ BGFက သတိပေးထားခဲ့ပါတယ်။ အဲဒါကြောင့် မြဝတီအနီးနားက ကျားဖြန့်လုပ်ငန်းတချို့ ဟာ ကရင်ပြည်နယ်တောင်ပိုင်း ဘုရားသုံးဆူမြို့ဘက်ကို ရွှေ့ပြောင်းမှုတွေလည်း ရှိနေပါတယ်။

 

ကျားဖြန့်သမားတွေ သောင်းဂဏန်းအထိရှိနိုင်တယ်လို့ ခန့်မှန်းထားကြတဲ့ ခြံဝန်းကျယ်ကြီးတွေမှာ အောက်တိုဘာလကုန်ရင် ဖမ်းဆီးရေးတွေ စတင်လာနိုင်တဲ့အတွက် ပြည်နှင်ဒဏ်ပေးမှုတွေ ပိုမိုတိုးပွားလာနိုင်ခြေလည်း ရှိနေပါတယ်။

 

စစ်ကောင်စီဟာ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တားဆီးနိုင်ဖို့နဲ့ သတင်းလက်ဦးနိုင်ဖို့အိမ်နီးချင်း ငါးနိုင်ငံနဲ့ နယ်စပ်ဆက်ဆံရေး ရုံးတွေတည်ထောင်ပြီး သတင်းအချက်အလက်မျှဝေတာနဲ့ အစည်းအဝေးတွေဆက်တိုက် လုပ်ဆောင်တာမျိုးရှိနေပါတယ်။

 

နယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အာဆီယံရဲတပ်ဖွဲ့၊ နိုင်ငံတကာရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ လုပ်နေတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

 

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleAA လုံခြုံရေးတပ်ဖွဲ့ကို ARSA တိုက်ခိုက်၊ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ
Next Article ဆိုင်းတောင်ကျေးရွာကို KIA ပူးပေါင်းတပ်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း

August 3, 2025

မြေရှားသတ္တုများအပေါ် မျက်စိကျနေသည့် ထရန့်ပ်က မြန်မာကို တရုတ်လက်ထဲ ထိုးအပ်နေ

August 1, 2025

Leave A Reply Cancel Reply

Recent Posts

  • DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်
  • ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော
  • NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်
  • မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း
  • မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်

ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော

NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်

မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

DKBA က ဒုတိယဗိုလ်မှူးကြီးစောစလုံးကို ရာထူးမှ အပြီးအပိုင်ထုတ်ပယ်

August 23, 2025

ထန်းရှောက်ခံဒေသခံ မူဆလင်ရာနှင့်ချီ သေဆုံးမှုမရှိဟု ကျေးရွာသားများ ပြော

August 23, 2025

NUCC က အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် သဘောထားချက် ထုတ်ပြန်

August 23, 2025

မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ရွေးချယ်ခွင့် သုံးခု ကမ်းလှမ်း

August 22, 2025

မလှိုင်တွင် Non-CDM လဝကဦးစီးမှူးတစ်ဦးအား ထိန်းသိမ်းထား

August 22, 2025

ကရင်နီပြည်တွင် စားနပ်ရိက္ခာရှားပါးမှု ပိုမိုဆိုးရွားလာ

August 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.