• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု
  • ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ
  • ကျောက်ဖြူကို စစ်ကောင်စီ အပြင်းအထန် ကာကွယ်နေ
  • ထိုင်း-မြန်မာနယ်စပ် ဖုပ်ဖရအနီးတွင် မြန်မာ ၄၄ ဦး ဖမ်းမိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အရှေ့တောင်အာရှက ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးနိုဘယ်ဆု ဘာ‌ကြောင့်မရတာလဲ
ဆောင်းပါး

အရှေ့တောင်အာရှက ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးနိုဘယ်ဆု ဘာ‌ကြောင့်မရတာလဲ

thanlwinkhetBy thanlwinkhetOctober 19, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
အောက်တိုဘာ ၁၉၊ ၂၀၂၄။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၁၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်စာရင်းတွင် အမည်စာရင်းတင်သွင်းခံခဲ့ရဖူးသည်။
အမည်မဖော်လိုသူတစ်ဦးကလည်း ဆွီဒင်နိုင်ငံရှိ ငြိမ်းချမ်းရေးကော်မတီထံသို့ တိုက်တွန်းစာတစ်စောင်ပေးပို့ခဲ့ပြီး ထရမ့်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် ထိုက်တန်သူတစ်ဦးဖြစ်သည်ဟု ရေးသားထားသည်။
သို့သော် ထရမ့်သည် ငြိမ်းချမ်ရေးနိုဘယ်ဆု မရရှိခဲ့ပါ။
စင်စစ်တော့လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုဆိုသည်က အပြုသဘောဆောင်သော ဩဇာလွှမ်းမိုးခြင်းဆိုသည်ထက် နိုင်ငံရေးဘက်အလေးကဲသောအရာတစ်ခုသာဖြစ်သည်။ ထင်ရှားသောဥပမာတစ်ခုက ဂျင်မီကာတာသည် ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ပြီး ဘားရက်အိုဘားမားသည်လည်း ၂၀၀၉ ခုနှစ်တွင် ဆုရရှိခဲ့ခြင်းဖြစ်သည်။
ဘားရက်အိုဘာမားသည် အမေရိကန်ပြည်ထောင်စု၏သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး ၁ နှစ်မပြည့်ခင်မှာဘဲ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ခြင်းဖြစ်သည်။ သူသည် ၂၀၀၉ ခုနှစ် ဇန်နဝါရီ လ ၂၀ ရက်တွင် အမေရိကန်ပြည်ထောင်စု၏သမ္မတဖြစ်လာခဲ့ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည်။
အဆိုပါဖြစ်ရပ်နှစ်ခုက အာဖဂန်နစ္စတန်၊ အီရတ်၊ ကာတာနိုင်ငံတို့အပေါ်ထားရှိသည့် ဂျော့ဒဗလျူဘုရှ့်၏တင်းမာသောနိုင်ငံခြားရေးမူဝါဒကို ဝေဖန်သည့်အနေဖြင့်ပေးသောဆုဖြစ်ပြီး အိုဘာမားဆုရခဲ့ခြင်းကလည်း ယင်းဖြစ်ရပ်နှင့်တူတူပင်ဖြစ်သည်။ အဆိုပါပဋိပက္ခများတွင် ဘုရှ့်၏ရန်လိုသောရပ်တည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု လူအများအပြားက ရှုမြင်ခဲ့ကြသည်။
နောက်ထပ်မှတ်သားစရာတစ်ခုက အငြင်းပွားဖွယ်ရာအကောင်းဆုံးသောလူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော ဟင်နရီကစ်ဆင်းဂျားက ၁၉၇၃ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ခြင်းဖြစ်သည်။
သူသည် ဗီယက်နမ်စစ်ပွဲအဆုံးသတ်ရန်ရည်ရွယ်သည့် ပါရီငြိမ်းချမ်းရေးသဘောတူညီချက်ကို ညှိနှိုင်းခဲ့သည့်အတွက် ထိုစဥ်ကမြောက် ဗီယက်နမ်ခေါင်းဆောင် Le Duc Tho နှင့် ပူးတွဲရရှိခဲ့ခြင်းဖြစ်သည်။
ကစ်ဆင်းဂျားသည် စစ်ပွဲအတွင်း ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ဗုံးကြဲရာတွင်ပါဝင်ခဲ့ပြီး ယင်းလုပ်ရပ်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာအခြေခံမူများအား ဆန့်ကျင်သည့်လုပ်ရပ်လည်းဖြစ်သည်။ ထို့ကြောင့် ကစ်ဆင်းဂျားအား ဆုချီးမြှင့်ခဲ့သည့်အတွက် ပြင်းထန်သောဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
စစ်အေးတိုက်ပွဲပြီးဆုံးချိန်ကစ၍ အရှေ့တောင်အာရှက ထင်ရှားသောပုဂ္ဂိုလ်အများအပြားသည်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံခဲ့ကြရသည်။ ယင်းသို့ဆုချီးမြှင့်ခံခဲ့သူများတွင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစု ကြည် (၁၉၉၁)၊ အရှေ့တီမောက José Ramos-Horta (၁၉၉၆) နှင့် ဖိလစ်ပိုင်နိုင်ငံက မာရီယာရက်စ်ဆာတို့လည်း ပါဝင်သည်။
ဖော်ပြခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များတွင် ဘုံတူညီချက်တစ်ချက်တော့ရှိနေပါသည်။ ၎င်းတို့သည် အာဏာရှင်အစိုးရများကိုဆန့်ကျင်နေကြသူများဖြစ်ကာ အပြောင်းအလဲကိုထောက်ခံအားပေးခဲ့ကြသူများ ဖြစ်နေခြင်းပင်။ ယင်းအပြင် ၎င်းတို့တစ်ဦးချင်းစီတိုင်းသည် ၎င်းတို့အတွက် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့တွင် ၎င်းတို့ပုံရိပ်ကိုမြှင့်တင်ရန်အတွက် အနောက်နိုင်ငံများ၏ထောက်ခံမှု ကြီးကြီးမားမားရရှိထားကြသူများဖြစ်သည်။
အဆိုပါအရှေ့တောင်အာရှဒေသသည် ချမ်းသာကြွယ်ဝသောဒေသဖြစ်ပြီး ဆင်းရဲမွဲတေမှုများ သိသိသာသာ လျှော့ချလာနိုင်ခဲ့ကာ ဒေသတွင်းနိုင်ငံတချို့မှာတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ မြင်တွေ့ခဲ့ရသည်။ ထိုသို့ဖြစ်နေပါလျက် ယင်းဒေသက လူသိများထင်ရှားသောနိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ နိုဘယ်ဆုရရှိခဲ့သည့်ဖြစ်ရပ်တို့ကို အဘယ်ကြောင့် မမြင်တွေ့ခဲ့ရပါသနည်း။ ယင်းကဲ့သို့ အသိအမှတ်ပြုခံရနိုင်လောက်သော အောင်မြင်မှုများနှင့်ထိုက်တန်သောပုဂ္ဂိုလ်များ ရှိ၊ မရှိ စတင်ဆန်းစစ်သင့်ပါသည်။
ဥပမာအားဖြင့် အဆိုပါဒေသတွင် အတည်ငြိမ်ဆုံးသောဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကိုကြည့်မည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံကခေါင်းဆောင်များသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထူထောင်ထိန်းသိမ်းဖို့ ကူညီပံ့ပိုးပေးခဲ့သည်ကိုတွေ့ရပေလိမ့်မည်။ ထင်ရှားသောဥပမာ ၂ ခုကိုလည်း ဖော်ပြပါမည်။
ဆူဟာတို (၁၉၆၈-၁၉၉၈) သည် ၎င်းအုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း New Order ဟုခေါ်တွင်သော စနစ်သစ်တစ်ရပ်ဖြင့် နိုင်ငံကိုအုပ်ချုပ်ခဲ့သည်။ New Order ဆိုသည်က စစ်တပ်ဗဟိုပြုနိုင်ငံရေးစနစ် အမျိုးအစားတစ်ရပ်ဖြစ်ပြီး စစ်အေးခေတ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်ရေးနှင့် ကွန်မြူနစ်ရန်ကာကွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံများနှင့် သံတမန်ရေးအရ အဆင်ပြေစွာဆက်ဆံပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်သည့် စနစ်မျိုးဖြစ်သည်။ ၎င်းလက်ထက်တွင် စစ်တပ်ကဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံကိုလွှမ်းမိုးထားနိုင်ခဲ့ပြီးနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံသည် စစ်ရေးဩဇာလွှမ်းမိုးမှုများကို အောင်မြင်စွာဖြင့်ကန့်သတ်နိုင်ခဲ့ပါသည်။
နောက်ထပ် ဥပမာတစ်ခုက ၂၀၀၄ ခုနှစ် ဒီဇင်ဘာကဖြစ်ပွားခဲ့သော ဆူနာမီအပြီး အာချေးငြိမ်းချမ်းရေးလှုပ်ရှားမှု (GAM) ဖြစ်သည်။
ခေတ်သစ်၏ငြိမ်းချမ်းရေးလှုပ်ရှားမှုဖြစ်စဥ်များတွင် အာချေးလွတ်လပ်ရေးလှုပ်ရှားမှု (Free Acech Movement) က အောင်မြင်သော ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့သည်။ GAM ဟု လူသိများထင်ရှားသော အာချေးငြိမ်းချမ်းရေးလှုပ်ရှားမှုကို ၁၉၇၆ ခုနှစ်တွင်စတင်ခဲ့သည်။ အင်ဒိုနီးရှားအစိုးရနှင့် GAM လက်နက်ကိုင်အဖွဲ့များကြား သဘောတူညီမှုရရှိစေခဲ့သည်။
အာချေးဒေသသည် အင်ဒိုနီးရှားနိုင်ငံရှိအခြားဒေသများနှင့် ယဉ်ကျေးမှုအရဖြစ်စေ၊ ကိုးကွယ်မှုအရဖြစ်စေ နဂိုမူလကတည်းကပင် ကွဲပြားခြားနားပါသည်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ အာချေးဒေသခံပြည်သူများက ခွဲထွက်ခွင့်ရရန်‌မျှော်လင့်ချက်ဖြင့် ဒတ်ချ်ကိုလိုနီလက်အောက်ကနေ အင်ဒိုနီးရှားနိုင်ငံလွတ်မြောက်ရေးအတွက် ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးရပြီးချိန်မှာတော့ ၎င်းတို့မျှော်လင့်ထားသကဲ့သို့ အထူးဒေသအဖြစ်သတ်မှတ်ပေးရေးနှင့် ခွဲထွက်ခွင့်ရရှိရေးတို့ အကောင်အထည်ပေါ်ခဲ့ခြင်းမရှိပေ။
အာချေးဒေသသည် သဘာဝသယံဇာတ ပေါကြွယ်ဝသောဒေသဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များတွင် အမေရိကန်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီက အင်ဒိုနီးရှားဗဟိုအစိုးရ၏သဘောတူညီချက်အရ အာချေးဒေသတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်သည်ကို အာချေးပြည်သူများက မကျေမနပ်ဖြစ်ခဲ့ကြသည်။ ထိုသို့ သောအကြောင်းတရားများကြောင့် အာချေးဒေသတွင် ၁၉၇၆ ခုနှစ်ကစတင်ကာ လက်နက်ကိုင်သောင်း ကျန်းမှုများဖြစ်ပေါ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် အာချေးခွဲထွက်ရေးလှုပ်ရှားမှုကို ဦးဆောင်သည့် (Free Ache Movement – GAM) အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။
အာချေးဒေသအနေဖြင့် အင်ဒိုနီးရှားနိုင်ငံကခွဲထွက်ကာ အလုံးစုံလွတ်လပ်သော အာချေးနိုင်ငံ (Independent Aceh) ထူထောင်ရန် GAM အဖွဲ့က ကြိုးပမ်းခဲ့သည်။ ၎င်းတို့သည် ပြောက်ကျားစစ်ဖြင့် အစိုးရတပ်များကိုတိုက်ခိုက်ခဲ့ပြီး ၁၉၇၆ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်သည့် စစ်ပွဲကာလအတွင်း နှစ်ဖက်လုံးက လူဦးရေစုစုပေါင်း ၂၅,၀၀၀- ၃၀,၀၀၀ ခန့်သေဆုံးခဲ့သည်။
၂၀၀၃ ခုနှစ်ကစ၍ အင်ဒိုနီးရှားအစိုးရက ထိုးစစ်ဆင်မှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့သဖြင့် GAM အဖွဲ့ ဝင်များစွာ သေဆုံးခဲ့သည်။ ထို့ပြင် ၂၀၀၄ ခုနှစ်တွင် သမိုင်းတစ်လျှောက်အဆိုးရွားဆုံးဖြစ်ပွားခဲ့သော အိန္ဒိယသမုဒ္ဒရာဆူနာမီကြောင့် အင်ဒိုနီးရှားပြည်သူသန်းပေါင်းများစွာ ထိခိုက်ခံစားခဲ့ရသည်။
ဆူနာမီကြောင့် နိုင်ငံတကာအသိုက်အဝန်းက အင်ဒိုနီးရှားနိုင်ငံကို ယခင်ကထက်ပိုမိုအာရုံစိုက်လာကြပြီး အာချေးစစ်ပွဲနှင့်ပတ်သက်၍လည်း စောင့်ကြည့်လာကြသည်။ GAM ခေါင်းဆောင်များက ၎င်းတို့အနေဖြင့် ခွဲထွက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေမည်ဆိုပါက နိုင်ငံတကာအသိုက်အဝန်း၏ဖယ်ကြဉ်မှုကိုခံရမည်ဖြစ်၍ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ရန် ဆန္ဒပြုလာခဲ့သည်။
အင်ဒိုနီးရှားအစိုးရနှင့် GAM လက်နက်ကိုင်နှစ်ဖွဲ့လုံးသည် ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီမြို့သို့သွားရောက်ပြီး ဖင်လန်သမ္မတဟောင်း မာတီအားထီဆာရီအား ဖျန်ဖြေသူနှင့် စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းခဲ့သည်။ စေ့စပ်ညှိနှိုင်းခြင်းပြုလုပ်ရာတွင် ဆွေးနွေးမည့်အကြောင်းအရာများကိုလည်း သဘော တူညီသဖြင့် ၂၀၀၅ ခုနှစ်တွင် ဟယ်လ်ဆင်ကီမြို့၌ စတင်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဆွေးနွေးညှိနှိုင်းသည့်ဖြစ်စဉ်တွင် နှစ်ဖက်လုံးက Third Party ဟုခေါ်သည့် အခြားတတိယအဖွဲ့ကို ဖြစ်စဉ်တွင်ပါဝင်ရန် သဘောတူညီခဲ့သည်။ ထိုသို့သဘောတူညီသည့်အတွက် တတိယအဖွဲ့ကဝင်ရောက်လာပြီး စေ့စပ်ညှိနှိုင်းပေးခြင်း၊ ကြားဝင်ဖျန်ဖြေပေးခြင်းနှင့် ဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် ဝန်ဆောင်မှုများပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။
ဤသို့ဖြင့် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲများကို ဟယ်လ်ဆင်ကီမြို့၌ တစ်လတစ်ကြိမ်ပြုလုပ်ခဲ့ရာ ၈ လကျော် ကြာမြင့်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးနိုင်ရေး သဘောတူညီချက်များရရှိခဲ့သည်။ ထို့နောက် ၂၀၀၅ ခုနှစ် ဩဂုတ်လတွင် MoU ရေးထိုးနိုင်ခဲ့ပြီး ကိုယ်စားလှယ်အနေဖြင့် အင်ဒိုနီးရှားအစိုးရဘက်က တရားရေးဝန်ကြီး၊ GAM အဖွဲ့ကခေါင်းဆောင်တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖင်လန်သမ္မတဟောင်း မာတီအားထီဆာရီကိုယ်တိုင် သက်သေအဖြစ်လက်မှတ်ရေးထိုးခဲ့သည်။
ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှကနိုင်ငံအများစုတွင် စစ်တပ်ကြီးစိုးသော အစိုးရများ၏သမိုင်းများရှိသည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံမှာတော့ သက်ဦးဆံပိုင်ခေါင်းဆောင်ပြုတ်ကျ သွားသော်လည်း စစ်အာဏာသိမ်းမှုမကြုံဖူးသော တစ်ခုတည်းသောနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံနှင့်ဆန့်ကျင်ဘက်က မြန်မာနိုင်ငံဖြစ်သည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် ဆိုးရွားသောအာဏာသိမ်းမှုကိုစတင်ခဲ့ပြီး ပြည်သူများကဒီမိုကရေစီ နည်းလမ်းတကျရွေးချယ်ထားသော ရွေးကောက်ခံအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုင်းနိုင်ငံတွင်လည်း ၂၀၀၀ ခုနှစ်ကတည်းကစ၍ အာဏာသိမ်းမှုအများအပြား မြင်တွေ့ခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဆူဟာတို၏ နှစ် ၃၀ အုပ်ချုပ်ရေးနောက်ပိုင်း စစ်ရေးအရဝင် ရောက်စွက်ဖက်မှုများကို ရှောင်ရှားနိုင်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် စစ်တပ်၏ဩဇာလွှမ်းမိုးမှုများကိုလျှော့ချရန်ကြိုးပမ်းမှုများသည် သမ္မတဘီဂျေဟာဘိဘီ လက်ထက်၌ စတင်ခဲ့သည်ဆိုသော်လည်း လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များအား တရားဝင်ဖျက်သိမ်းခဲ့သည့် ၂၀၀၄ ခုနှစ်တွင် ပိုမိုအရှိန်ရလာခဲ့သည်။
Susilo Bambang Yudhoyono (SBY) ၏ သမ္မတသက်တမ်း ၁၀ နှစ်အတွင်း စုစည်းမှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ မှတ်သားစရာအချက်က ၎င်းလက်ထက်၌ ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့သူ ၂ ဦးမှာ အရပ်သားများဖြစ်ကြသည်။
တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ပထမဆုံးသောဒေသန္တရရွေးကောက်ပွဲများအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ခရိုင်နှင့်ကျေးလက်ခေါင်းဆောင်များအား နိုင်ငံသားများက ရွေးကောက်တင်မြှောက်ခွင့်ရရှိခြင်းဖြစ်သည်။ ယင်းက ယခင်အာဏာရှင်အစိုးရများနှင့်မတူသော သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။
ယင်းကာလများအတွင်း အထင်ရှားဆုံးသောအဖြစ်အပျက်က လွတ်လပ်ရေးရပြီးနောက်ပိုင်း အင်ဒိုနီးရှား နိုင်ငံတွင် အကြီးမားဆုံးသောသဘာဝကပ်ဘေးကြီးဖြစ်သည့် ၂၀၀၄ ဆူနာမီဖြစ်သည်။ ဆူနာမီက အာချေးဒေသကို ဖျက်ဆီးခဲ့ပြီး လူပေါင်း ၂၅၀,၀၀၀ ကျော်သေဆုံးခဲ့သည်။
ဆူနာမီက ပြန်လည်သင့်မြတ်ရေးကို အစပျိုးပေးခဲ့သည်ဟု တချို့ကပြောဆိုကြပြီး နောက်ဆုံးမှာလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရရှိစေခဲ့သည်။ ဒီကနေ့မျက်မှောက်ကာလမှာတော့ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတို့၌ အခြားသော အစ္စလာမ္မစ်ခွဲထွက်ရေးလှုပ်ရှားမှုများရှိနေသေးသော်လည်း GAM ကိုတော့ အပြီးတိုင်ဖျက်သိမ်းလိုက်ပြီပဲဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေးသမားဖြစ်သူ Jusuf Kalla သည် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရသည်ဟု ကောလာဟလများထွက်ပေါ်ခဲ့ဖူးသည်။ မလေးရှားဝန်ကြီးချုပ်အဖြစ် ကာလရှည်ကြာတာဝန်ထမ်းဆောင်ခဲ့သော မဟာသီယာမိုဟာမက်သည်လည်း ၂၀၀၈ ခုနှစ်တွင် အမည်စာရင်းတင်သွင်းခံရမည်ဟူသော ထင်ကြေးများထွက်ပေါ်ခဲ့ဖူးသည်။ သို့သော် ထိုသို့သောကောလဟလနှင့် ထင်ကြေးများက နိုဘယ်ဆုကိုဆောင်ကြဥ်းမပေးနိုင်ပါ။
စင်စစ်တော့လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုဆိုသည်က နိုင်ငံရေးအကျိုးစီးပွားများကို မကြာခဏဆိုသလို ထင်ဟပ်လေ့ရှိပါသည်။ ဥပမာအားဖြင့်ဆိုလျှင် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်သည် အစ္စရေးခေါင်းဆောင် Yitzhak Rabin၊ Shimon Peres တို့နှင့်ပူးတွဲပြီး ဆုရရှိခဲ့ပါသည်။
အော်စလိုသဘောတူညီချက်အတွက် ရရှိခဲ့ခြင်းဖြစ်သည်။ အလားတူပင် အစ္စရေးဝန်ကြီးချုပ် မီနာချန်ဘီဂင်နှင့် အီဂျစ်သမ္မတ အန်နွာဆဒတ်တို့သည်လည်း ဒေးဗစ်စခန်းသဘောတူညီချက်ဖြင့် ဂုဏ်ပြုခံခဲ့ရသည်။ ကစ်ဆင်းဂျားနှင့် Le Duc Tho တို့ကဲ့သို့ပင် ဤပုဂ္ဂိုလ်များသည်လည်း လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခြင်း သို့မဟုတ် သွေးထွက်သံယိုစစ်ဆင်ရေးများတွင် ပါဝင်ခြင်းများရှိခဲ့သည်။
အရှေ့တောင်အာရှကခေါင်းဆောင်များဖြစ်ကြသော SBY, Kalla, မက်သီယာ မိုဟာမက်နှင့် လီကွမ်းယူကဲ့သို့သော ခေါင်းဆောင်များသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းများတွင် ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ကြရသော်လည်း ၎င်းတို့သည် အထက်ဖော်ပြပါဆုရှင်များထက် အငြင်းပွားဖွယ်ရာနည်းပါးသူများဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် နိုဘယ်ဆုစာရင်းများတွင် မည်သည့်အခါတုန်းကမျှမပါဝင်ခဲ့ပေ။
ငြိမ်းချမ်းရေးနိုဘယ်ဆုပေးဖို့ ဆုံးဖြတ်ချက်များချမှတ်ရာတွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့၏ဩဇာက ကြီးမားကြောင်းထင်ရှားနေပါသည်။
တည်ငြိမ်သောဈေးကွက်ဖန်တီးရာတွင် (ဥပမာ စင်ကာပူ၊ မလေးရှား) သို့မဟုတ် ဒီမိုကရေစီနှင့်ငြိမ်းချမ်း ရေးဖော်ဆောင်ရာတွင် (ဥပမာ အင်ဒိုနီးရှား) တို့သည် အရှေ့တောင်အာရှခေါင်းဆောင်များ၏အောင်မြင်မှုများဖြစ်သော်လည်း ဝါရှင်တန်၊ လန်ဒန်၊ ပဲရစ်နှင့် စတော့ဟုမ်းရှိ အဓိကဆုံးဖြတ်ချက်ချမှတ်သူများ၏သဘောထားများနှင့် ကိုက်ညီမှုမရှိသည်ကတော့ ထင်ရှားရှင်းလင်းလွန်းနေပါသည်။
နိုဘယ်ဆုသည် နိုင်ငံရေးသဘောသဘာဝလွှမ်းမိုးထားသည်နှင့်အညီ အရှေ့တောင်အာရှကခေါင်းဆောင်များ ဘာကြောင့်ဆုမရသလဲဆိုခြင်းကလည်း အဓိကအင်အားကြီးနိုင်ငံများနှင့်ဆက်ဆံရာတွင် ၎င်းတို့၏ကိုယ်ပိုင် ဇာတ်လမ်းနှင့် ဇာတ်ကြောင်းတို့အတွက် မဟာဗျူဟာကျသောအကန့်အသတ်နှင့် ဩဇာလွှမ်းမိုးမှုရှိနေခြင်းကြောင့်သာ ဖြစ်ပေတော့သည်။

Ref: The Diplomat

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဘုတလင်နယ်ကို နမခ စစ်ကြောင်းထိုးပြီး အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦးကို သတ်ဖြတ်
Next Article နောင်ချိုမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ဦးအပါအဝင် ၃ ဦးသေဆုံး
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

May 21, 2025

အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

May 21, 2025

ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.