![]()
သံလွင်ခက် ဩဂုတ်လ ၃ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းဝန်းရှိ စစ်ဆေးရုံတွင် ဒဏ်ရာရတပ်သားများနှင့် ၎င်းတို့၏မိသားဝင်များကို စစ်ကောင်စီက စွန့်ပစ်ထားခဲ့ကြောင်း ကိုးကန့်တပ်-MNDAA က သတင်းထုတ်ပြန်ထားသည်။ အများစုမှာ ပြင်းထန်ဒဏ်ရာရသူများဖြစ်ပြီး အရေအတွက်အားဖြင့် လူဦးရေ ၄၇၀ ကျော်ရှိသည်ဟု ကိုးကန့်တပ်- MNDAA ၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။ “လားရှိုးတိုက်ပွဲမစခင်အချိန်ကတည်းက…