ယမင်းဖူးပွင့်အောင်
သြဂုတ် ၄၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် တအာင်းတပ်မတော်- TNLA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လက်နက်ခဲယမ်းဖြည့်တင်းနေသည်ဟု TNLA က ထုတ်ပြန်လိုက်သည်။
ယနေ့ ညနေပိုင်းတွင် နောင်ချိုမြို့နယ် ရွှေမုဠောရွာသို့ စစ်အင်အား ဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအနီးတဝိုက်နှင့် ပတ္တမြားစေတီအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၇) ကြိမ်ကြဲကာ ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ Y12 ဖြင့် လက်နက်ခဲယမ်းများ (၁၃) ထုပ် ချပေးခဲ့သည်ဟု ဖော်ပြထားသည်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် တအောင်းတပ်(TNLA)က နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့များကို ထိန်းချုပ်ထားပြီး ကိုးကန့်တပ်(MNDAA)က လားရှိုးမြို့ နေရာအများစုကို သိမ်းပိုက်ထားသည်။
ဓာတ်ပုံ-PSLF/TNLA