ဖမ်းဆီးခံထားရသည့် ဗန်းမော်စစ်ရှောင်စခန်းက စစ်ရှောင်များ ပြန်မလွတ်သေး ******************** ထွယ် မတ် ၁၁၊ ၂၀၂၄။ စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့သည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူ ၁၆ ဦးသည် ဖမ်းဆီးခံရပြီးနောက် ယနေ့အချိန်ထိ ပြန် လည်လွတ်မြောက်လာခြင်းမရှိသေးဟု ရောဘတ် စစ်ရှောင်ပြည်သူများထံကသိရသည်။ အင်အား ၁၅ ဦးခန့်ရှိ စစ်ကောင်စီလက်အောက်ခံ…