သံလွင်ခက်
ဩဂုတ် ၁၅၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်းပြောဆိုမှုသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E.Mr Wang Yi ၏ပြောဆိုမှု မဟုတ်ဘဲ စစ်ကောင်စီ၏ အာဘော်သာဖြစ်သည်။
မြန်မာနိုင်ငံသို့ ယမန်နေ့ မနက်ပိုင်းတွင်ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E.Mr Wang Yi နှင့် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်တွေ့ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆန့်ကျင်ကန့်ကွက်ကြောင်းပြောဆိုမှုသည် စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင်သာပါဝင်ပြီး တရုတ်အစိုးရ သတင်းဌာနများ၏ထုတ်ပြန်ချက်၌ ပါဝင်ခြင်းမရှိပေ။
တရုတ်အစိုးရသတင်းဌာနဖြစ်တဲ့ ဆင်ဟွာတွင် တရုတ်အစိုးရနှင့် စစ်ကောင်စီကြားတွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစုဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်- မြန်မာဆက်ဆံရေးအား သွေးကွဲအောင်လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအားအိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ် ဆောင်မှုမှန်သမျှကို ဆန့်ကျင်သည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံခရီးစဉ်တွင် မစ္စတာဝမ်ရိသည် စစ်ကောင်စီဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့အပြင် ယခင်စစ်အာ ဏာရှင်ဟောင်းတစ်ဦးဖြစ်သည့် န.အ.ဖ ကောင်စီဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နှင့် တွေ့ဆုံခဲ့သည်။