သံလွင်ခက်
ဩဂုတ် ၁၅၊ ၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အရက်သောက်နေသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၃ ဦးကို ကျိုက်ထို တော်လှန်ရေးအင်အားစု- KRF တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည် ဩဂုတ်လ ၇ ရက်တွင် ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းတွင် အရက်သောက်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးအား KRF တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေစဉ်အတွင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
KRF တာဝန်ရှိသူတစ်ဦးက ” အရပ်ဝတ်တွေနဲ့ ပြည်သူတွေလိုရောပြီး အရက်လာသောက်ပျော်ပါးနေတာပါ။ လက်နက်တွေတော့ မပါလာပါဘူး။ ကျွန်တော်တို့က သူတို့ အရက်ဆိုင်မှာ ထိုင်သောက်နေတာတွေ့လို့ ဝင်ဖမ်းခဲ့တာပါ” ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါ ၃ ဦးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ရေရှည်ထိန်းသိမ်းထားရန်အဆင်မပြေသည့် အ တွက် သက်ဆိုင်ရာတာဝန်ရှိသူများထံအပ်နှံထားပြီး အရေးယူမှုများကို တာဝန်ရှိသူများက ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်သည်ဟု KRF တပ်ဖွဲ့ဝင်များထံက သိရသည်။