ထွယ် ဇူလိုင် ၃၊ ၂၀၂၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဥရုချောင်းရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် အသက်ကယ်လှေများနှင့် အသက်ကယ်အင်္ကျီများ လိုအပ်လျက်ရှိနေသည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်များက ပြောသည်။ “လက်လှမ်းမီသလောက် ရံပုံငွေမရှိဘူး။ စပိဘုတ် (Speed Boat) တွေ ဝယ်ဖို့ပေါ့နော်။ ဒီဘက်မှာ များသောအားဖြင့် ပရဟိတသမားတွေမှာ လက်လှော်တဲ့လှေပဲရှိတာ။…