![]()
သဇင် စက်တင်ဘာလ ၂၃၊ ၂၀၂၄။ ကရင်နီပြည်တွင် စစ်ကောင်စီတပ်မှ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ထားသဖြင့် မြို့နယ် ၇ မြို့နယ်မှ ရေဘေးသင့်ပြည်သူ ၃၀,၀၀၀ ကျော်ကို ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိနေသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာဦးဗညားက သံလွင်ခက်ကို ပြောသည်။ “ကျွန်တော်တို့ပြည်နယ်အခြေအနေကလည်း အားလုံးနီးပါးကို စစ်ကောင်စီကကန့်သတ်ထားတာရှိသလို သွားရလာရ အခက်အခဲများကြီးကြုံတွေ့နေရတယ်။ အခြားတစ်ဘက်မှာလည်း စစ်ကောင်စီကလည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ…