ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၂၄၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁ ဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတချို့ထံမှ သိရသည်။
ယနေ့နံနက် ၁ နာရီခွဲခန့်တွင် စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးဖြင့် ဖူလီလိုက်ဟိုတယ်နှင့် ရထိုက်ဟိုတယ် အနီးတွင် တစ်ကြိမ်၊ ယနေ့နံနက် ၄ နာရီခန့်တွင် လပ်ကီးရွှေဆိုင်အနီးတွင် တစ်ကြိမ် ကြဲချခဲ့ခြင်းဖြစ်သည်။
“အဆောက်အဦးတော့အများကြီးထိခိုက်တယ်။ တော်တော်ပျက်စီးတယ်။ ၂ ကြိမ်ကျတဲ့နေရာ ၂ခုလုံးမှာ တော်တော်ပျက်စီးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးတွင် စစ်ကောင်စီသည် လားရှိုးမြို့ကို ကိုးကန့်တပ်- MNDAA ထံ လက် လွှတ်ခဲ့ရပြီးနောက် အရပ်သားနေထိုင်ရာနေရာများကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုဆက် တိုက်ကျူးလွန်နေပြီး ယခုတစ်ကြိမ်သည် ၅ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရ သည်။
ဓာတ်ပုံ- Northern Youths Production- NYP၊ NWS’s Facebook