Browsing: ပြည်တွင်းသတင်း

Loading

ငလျင်ဘေးဒဏ်သင့်မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများလုပ်ဆောင်ရာတွင် အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးလုပ်ဆောင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) က တိုက်တွန်းကြောင်း ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ၂၀၀၈ နာဂစ်မုန်တိုင်းတွင် ပြည်သူများအားကူညီရန်ပေးအပ်သော နိုင်ငံတကာမှ အကူအညီများကို စစ်အုပ်စုက ၎င်းတို့အကျိုးစီးပွားအတွက် အသုံးချသွားသည့် သမိုင်းကြောင်းများရှိသည်အတွက် လက်ရှိငလျင်ဒဏ်ခံကာလတွင် အခွင့်ကောင်းယူကာ နိုင်ငံရေးအမြတ်မထုတ်စေရန် အနီးကပ်အကဲဖြတ်စောင့်ကြည့်သည့်လုပ်ငန်းစဉ်ကို ထည့်သွင်းထားရန်…

Read More

Loading

မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ များပြားနေချိန်တွင် အွန်လိုင်းမှ လိမ်ညာအလှူခံများ လူမှုကွန်ရက်စာမျက်နှာတွင် ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။ ထိုသို့လိမ်ညာမှုများတွင် ကလေးငယ်များအရေးကူညီဆောင်ရွက်နေသော သရုပ်ဆောင်ခိုင်နှင်းဝေ၏ Facebook ပေ့ချ်ကဲ့သို့သော ဆင်တူပေ့ချ်ဖွင့်ကာ အလှူခံမှုများရှိလာခဲ့သည်။ “ခိုင်နှင်းဝေ ရင်သွေးငယ်များဂေဟာ”ဟုသော အမည်ကို ” “ခိုင်နှင်းဝေ မိဘမဲ့ကလေးများဂေဟာ” ဟု…

Read More

Loading

ယနေ့မွန်းလွဲပိုင်းအချိန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သော အဖွားအိုတစ်ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။ မွန်းလွဲ တစ်နာရီ ၂၀ မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇.၇ ရှိသော ငလျင်ကြောင့် အဖွားအိုနေထိုင်သော တိုက်အိမ်အဖီပြိုကျမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကနဦးသိရှိရသည်။ လက်ရှိအချိန်တွင် အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတံတာဟောင်းပြိုကျပျက်စီးခြင်း၊…

Read More

Loading

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လေးကေ့ကော်မြို့သစ်ရှိကော်သာဝါဈေးတွင် မတ်လ ၂၆ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်ခန့်တွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက် ရေနစ်သေဆုံးသွားသည်ဟု မြို့ခံများ ထံမှ သိရသည်။ ရေနစ်သေဆုံးသူမှာ အသက် ၁၈ နှစ်သာ ရှိသေးသည့် ဆယ်ကျော်သက်လူငယ်လေး တစ်ဦးဖြစ်ကာ သံတိုသံစ ရောင်းဝယ်သူ…

Read More

Loading

သန္တာဖြူ ကျောက်ဆည် ခရိုင် တပ်ရင်း ၃ မှ တပ်ရင်းမှူးလုံးလုံးနှင့် တပ်ရေး ဗိုလ်ဈာန်ရဲတို့မှ CDM သူနာပြုတစ်ဦး ဖြစ်သည့်အပြင် လက်ရှိ ဆေးတပ်ဖွဲ့‌ဆေးတပ်စိပ်မှူး ရဲဘော်ယဉ်မွန်အောင်အား မတရားသဖြင့်ကြိမ်ဒဏ်ပေး ခဲ့ပြီး အမျိုးသမီးအခွင့်အရေးချိုးဖောက်ကာ အမျိုးသားများဖြင့် အတူ ထိပ်တုံး ခတ်ခဲ့ခြင်းများ လုပ်ဆောင် ခဲ့သည်ဟု သတင်းရရှိသည်။ ထိုသို့…

Read More

Loading

ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြိုနယ် အောင်ဖြူပြင်ရွာကို မတ်လ ၂၅ ရက် ညနေ ၇ နာရီတွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၃ ဦးသေဆုံးခဲ့ပြီး မတ်လ ၂၆ ရက်တွင် ဆေးကုသမှုခံယူရင်း နောက်ထပ် ၂ ဦးထပ်မံ သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၅ ဦး…

Read More

Loading

အမီးလေး ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းရှိ စကြာမင်းတိုင်းရင်းဆေးထုတ်လုပ်သည့် စက်ရုံတွင် အမျိုးသမီးအလုပ်သမားများအား လုံခြည်များလှန်ကာ အမျိုးသမီးဓမ္မတာ လာ၊မလာ စစ်ဆေးမှုခဲ့ခြင်းအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် ကြိုးစားသွားမည်ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ၏ အမျိုးသမီးကော်မတီတာဝန်ခံ ဒေါ်ခင်သန္တာမိုးမှ ပြောသည်။ “ကျမတို့အဖွဲ့ချုပ်အနေနဲ့ ဖိအားဖြစ် စေမဲ့အရာမှန်သမျှလုပ်မယ် ပိုင်ရှင်ဆီဆက်သွယ်ဖို့ ကြိုးစားမယ်။…

Read More

Loading

ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာအား မတ်လ ၂၅ ရက် ည ၇ နာရီခန့်အချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်မိသားစုဝင် သုံးဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “၇ နာရီလောက်မှာ အသံအကျယ်ကြီး…

Read More

Loading

လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးရန်လိုသည်ဟုစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခင် ရွေးကောက်ပွဲများတွင် ကျင်းသုံးခဲ့သည့် မဲများသူ အနိုင်ရသည့်စနစ် FPTP စနစ်အပြင် အမျိုးသား လွှတ်တော်နှင့်…

Read More

Loading

ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ခလယ်ဒေးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက လေးရက်တာတိုက်ခိုက်ပြီးနောက် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်မှစပြီး စတင်တိုက်ခိုက်ခဲ့ရာ မတ်လ ၂၅ ရက်၊…

Read More