ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လေးကေ့ကော်မြို့သစ်ရှိကော်သာဝါဈေးတွင် မတ်လ ၂၆ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်ခန့်တွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက် ရေနစ်သေဆုံးသွားသည်ဟု မြို့ခံများ ထံမှ သိရသည်။
ရေနစ်သေဆုံးသူမှာ အသက် ၁၈ နှစ်သာ ရှိသေးသည့် ဆယ်ကျော်သက်လူငယ်လေး တစ်ဦးဖြစ်ကာ သံတိုသံစ ရောင်းဝယ်သူ တစ်ဦးဖြစ်သည်။
“မယ်ထော်သလေးမှာနေတဲ့ သံတိုသံစဝယ်တဲ့ တစ်ယောက်ပဲ။ သူရေချိုးရင်းနဲ့ နစ်သွားတာပေါ့။ အသက်က ၁၈ နှစ်။” ဟု လေးကေ့ကော်မြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်တွင် ရေနစ်သွားခြင်းဖြစ်ပြီး ရုပ်အလောင်းအား မတ်လ ၂၇ ရက်နေ့ ၁၁ နာရီအချိန်ခန့်၌ ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။
“အစက ကော်သာဝါဈေးပြန်ဖွင့်လို့ ဖွင့်ပွဲလို့ထင်သွားတာ။ လူကလည်းအုံနေတော့။ ပြီးတော့ရေထဲနစ်နေတဲ့ လှေဘဲငန်း ၂ ကောင်ကိုလည်း ပြန်ထုတ်ထားတာဆိုတော့လေ။ ဒါပေမယ့် အနီးရောက်ကာမှ ကယ်ဆယ်ရေးကားတွေ့တော့ အလောင်းရှာတာကိုသိရတာ” ဟု မြေပြင်ရောက် သတင်းထောက်တစ်ဦးက မြင်တွေ့မှုကိုပြောပြသည်။
လေးကေ့ကော့မြို့ရှိကော်သာဝါဈေးကို ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက် တိုက်ပွဲဖြစ်ပွားမှုအပြီးမှာ ပိတ်ထားခဲ့ ခြင်းဖြစ်သည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ယနေ့ နေ့လည်မှာ ပြန်လည်တွေ့ရှိသည့် အမျိုးသား လူငယ်တစ်ဦးအလောင်းအား မြင်တွေ့ရပုံ