ယနေ့မွန်းလွဲပိုင်းအချိန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သော အဖွားအိုတစ်ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။
မွန်းလွဲ တစ်နာရီ ၂၀ မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇.၇ ရှိသော ငလျင်ကြောင့် အဖွားအိုနေထိုင်သော တိုက်အိမ်အဖီပြိုကျမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကနဦးသိရှိရသည်။
လက်ရှိအချိန်တွင် အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတံတာဟောင်းပြိုကျပျက်စီးခြင်း၊ မန္တလေးမြို့တွင် ကျုံးမြို့ရိုး ပြိုကျခြင်း၊ တိုက်များပြိုကျခြင်း၊ ရန်ကုန်မြို့တွင် တိုက်ဟောင်းအချို့ပြိုကျခြင်း၊ ရန်ကုန် – မန္တလေးအမြန်လမ်းများ အက်ကွဲပျက်စီးခြင်း၊ မြဝတီမြို့တွင် တိုက်ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
