မြန်မာ့အနုပညာလောကတွင် လူသိများလှသူ အဆိုတော်ဂျေညီညီသည် ယနေ့ နံနက် ၄နာရီ ၃၀ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့သည်ဟု ဂျေညီမလေး၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။
မတ်လ ၃၁ ရက်တွင် ဂျေညီညီ၏ Facebook အကောင့်တွင် သွေးပေါင်ကျနေသဖြင့် ချာချာလည်အောင် မူးနေကြောင်း ရေးသားဖော်ပြထားသည်။
ဂျေညီညီ၏ စွဲနေပြီ၊ အချစ်မိုး၊ အလွမ်းကဖီး၊ ဒီမိုး၊ လူပျိုကြီးပဲလုပ်တော့မယ်၊ ပလက်ဖောင်းရှိုးစသော သီချင်းများအပြင် ပရိသတ်နှစ်သက်သဘောကျခဲ့သော သီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်သည်။