မြဝတီဒေသအတွင်းရှိ လောင်းကစားရုံများနှင့် ကျားဖြန့်လုပ်ငန်းခွင်များတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို ၄ ရက်အတွင်း လေယာဉ် ၁၉ ခေါက်ဖြင့် ပြန်လည်ခေါ်ယူသွားမည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF) တာဝန်ရှိသူထံမှ သိရှိရသည်။ အဆိုပါ တရုတ်နိုင်ငံသားများကို မတ်လ ၆ ရက်မှ ၉ ရက်အတွင်း မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားနှစ်မှ မဲဆောက်လေဆိပ်သို့ မော်တော်ယာဉ်များဖြင့်လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး…