ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကျုံဒိုးဒေသတိုက်ပွဲများကြောင့် ဒေသခံ ၂၁၅ဦးမှာ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မယ့်ရမတ်မြို့နယ်အတွင်းသို့ စစ်ဘေးရှောင်လာရသည်ဟု ထိုင်းသတင်းရင်းမြစ်များတွင် ဖော်ပြထားသည်။ ကော့ကရိတ်ဒေသအတွင်း၌ သင်္ကြန်ကာလတွင်းအချိန်မှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်များက အာဏာသိမ်းစစ်တပ်နှင့် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ်များစွာ ပြုလုပ်ခဲ့သည်။ “လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းနဲ့ကြဲတယ်၊ လေယာဉ်ကလည်း…