နှစ် ၃၀ ကြာ တပ်စွဲထားသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဌာနချုပ်ဟောင်း မာနယ်ပလောရှိ စစ်ကောင်စီတပ်စခန်းကို ပြန်ရရန် ဦးဆောင်ခဲ့သော တပ်မှူး နှစ်ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် အား ချီးမြှင့်ခဲ့သည်ဟု သိရသည်။
အဆိုပါ တပ်မှူး နှစ်ဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဌာနချုပ်- ပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ ဒုတိယဗိုလ်မှူးကြီးစောခင်လေးနှင့် တပ်မဟာ-၇၊ တပ်ရင်း (၂၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူးတို့ ဖြစ်ကြသည်။
၎င်းတို့သည် မာနယ်ပလောရှိ စစ်ကောင်စီ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) ကို ပြန်လည်ရရှိရန် စနစ်တကျစီမံ၍ အောင်ပွဲနှင့်အတူ စစ်ဆင်ရေးကို ဦးဆောင်အကောင်အထည်ဖော်ခဲ့ကြသောကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက် ကရင်အမျိုးသားတပ်မတော်နေ့တွင် ဆုချီးမြှင့်ဂုဏ်ပြုခြင်းနှင့်အတူ စစ်ဆင်ရေးတွင် တိုက်ပွဲဝင်ခဲ့ကြသော အောင်ပွဲရ စစ်သည်တော်များကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး (KNU)



