စစ်ဆေးရေးဂိတ်သို့လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၁ဦးသေဆုံး *************************** ဇန်နဝါရီ ၃၊ ၂၀၂၂။ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ဆေးရေးဂိတ်သို့လာသော စစ်ကောင်စီတပ်သား ၂ဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာစစ်ဆေးရေးဂိတ်ကြီးမှ ကုန်းသာရွာ ဆည်မြောင်းရုံးရှေ့ရှိ ဂိတ်ငယ်ကို ခြေလျှင်လာသော စစ်ကောင်စီတပ်သားနှစ်ဦးကို ပေါင်းတည်တပ်ရင်း ၃၆၀၁ တပ်ခွဲ…