ထိုင်း သင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း
**************
သံလွင်ခက်
ဇန်နဝါရီ ၂၆၊၂၀၂၃။
ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆုန်ခရန်သင်္ကြန်ပွဲတော်ကို ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယူနက်စကိုက ထည့်သွင်းစဉ်းစားဆုံးနိုင်သည်ဟု ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက ခန့်မှန်းနေသည်။
ယူနက်စကိုကလည်း ဆုန်ခရန်သင်္ကြန်ပွဲတော်ကို အမွေအနှစ်စာရင်းတင်သွင်းမှုကို စဉ်းစားဆုံးဖြတ်မည့် စာရင်းတွင် ထည့်သွင်းထားသည်ဟု The Nation သတင်းက ဖော်ပြသည်။
ထိုင်းရိုးရာအက၊ ထိုင်းအနှိပ်ပညာနဲ့ ထိုင်းတောင်ပိုင်းက နိုရာ ဟုခေါ်ဆိုသည် ရိုးရာယဉ်ကျေးမှုအက များသည်လည်း ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းတွင်း ထည့်သွင်းသတ်မှတ်ခံထားရပြီ ဖြစ်သည်။
ထိုင်းနိုင်ငံသည် မွေထိုင်း၊ ဖိတာခွန်၊ ဟင်းနှင့် သရက်သီးကောက်ညှင်းစသည့် အခြားပစ္စည်းများကိုလည်း ယူနက်စကိုအဆိုပြုရန် ရည်ရွယ်ထားသည်။
Photo – TN