![]()
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် သပြေကြီးစုရွာ အုပ်ချုပ်ရေးမှူးအား ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။ မော်ကြီး(ခ)မော်ဝင်းအမည်ရ ရွာအုပ်ချူပ်ရေးမှူးကို သပြေကြီးစုရွာနှင့် ဇီးကုန်းလေးရွာအကြား လမ်းမပေါ်တွင်နံနက်၁၁နာရီခွဲဝန်းကျင်၌ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ပေါင်းတည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ တပ်ရင်းတာဝန်ခံရဲဘော်က သံလွင်ခက်ကိုပြောသည်။ “သေနတ်လေးချက်ပစ်ခဲ့တာ ပွဲချင်းပြီးသေသွားတယ် တပ်ခွဲ၅ နွေဦးအဖွဲ့ကနေမစ်ရှင်လုပ်ခဲ့တာ”ဟု ၎င်းကဆိုသည်။ မော်ကြီး(ခ)မော်ဝင်းဆိုသူသည် ယခင်က ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး…