Browsing: ပြည်တွင်းသတင်း

Loading

စစ်ကောင်စီတပ် ပစ်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ထောင်လောင်ကျေးရွာမှ ဒေသခံ ၃ ဦး လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကိုပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ…

Read More

Loading

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းကြားကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တတိယအကြိမ် ဝင်ရောက်  မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ထုတ်ပြန်သည်။ ကျွန်းလှ‌မြို့ပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၈၀ ခန့်၊ ကျွန်းလှမြို့မြောက်ဘက်ကပ်လျက်ရှိ ‌ကန့်ဘလူမြို့နယ် ပေကုန်း(တောင်)ရွာမှ ပျူအင်အား ၄၀ ခန့် စုစုပေါင်း အင်အား…

Read More

Loading

စစ်ကောင်စီခေါင်းဆောင် လိုလားသူများ၊ မိတ်ဖက်များ အနေဖြင့်  ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိအနိုင်ရကာလွှတ်တော်သို့ ရောက်ရှိလာနိုင်သည်ဟု လေ့လာသူများက သံလွင်ခက်ကိုပြောသည်။ စစ်ကောင်စီ ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၁(က)အရ ပြိုင်ဘက်မရှိလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နိုင်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအာကာမျိုးထက်က သံလွင်ခက်ကိုပြောသည်။ “ဒီဥပဒေကို အကာအကွယ်ယူပြီးတော့ စစ်ကောင်စီဘက်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေမှာ တစ်လွဲအသုံးချလာနိုင်ပါတယ်။…

Read More

Loading

အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် ယခင်ကနာရီနှင့် ချီသွားလာရသည့် အခြေအနေမှ တံတားပြန်ဖွင့်ပေးလိုက်သဖြင့် မိနစ်ပိုင်းအတွင်း ကျန်းမာရေးစောင့်ရှောင်မှုများကို ပြုလုပ်လာနိုင်သည်ဟု တာချီလိတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်တို့ကိုဆက်သွယ်ထားသည့် တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ယမန့်နေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းတွင် တာချီလိတ်မြို့မှတာဝန်ရှိသူများနှင့် မယ်ဆိုင်ဘက်မှတာဝန်ရှိသူများပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ” စီးပွားရေး၊ လူမှုရေး၊အဓိကကတော့…

Read More

Loading

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မျက်ကြည်လွှာ ပေါက်ပြဲသွားသည့် မင်းတပ်စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ဝင်တစ်ဦးသည် ဆေးကုသစရိတ်အတွက် အကူအညီများလိုအပ်နေသည်ဟု သိရသည်။ စစ်ကောင်စီ၏ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်အားလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီ၏ ယာယီအထိုင်ရုံးဖြစ်သည့် ပလိပ်ထွီဘုန်းကြီးကျောင်းအဆောက်အဦးပေါ်ကို ပြီးခဲ့သော ဇန်နဝါရီလ…

Read More

Loading

BPLA တပ်တော်မှာ ဖဒိုမန်းရှာလာဖန်း ခန်းမဆောင်ဖွင့် **************** ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။ ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်ရာ တပ်မဟာ ၅ အခြေစိုက် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA က ဖဒိုမန်းရှာလာဖန်းအမည်ဖြင့် တပ်တော်၏ ပထမဦးဆုံး ပင်မခန်းမဆောင်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တပ်တော်၏ ပထမဦးဆုံး…

Read More

Loading

ထိုင်းရောက်မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့်  အခက်အခဲများနှင့်ဒုက္ခများကို ကူညီ​ဖြေရှင်းပေးမှုများလုပ်ဆောင်နေသည်ဟု NUG အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက သံလွင်ခက်ကိုပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဒုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ယခုလ တတိယအပတ်တွင်း၌ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားရောက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့၊ LPN Foundation တို့နှင့်တွေ့ဆုံခဲ့ကြသည်။ “အထောက်ထားရှိတဲ့သူရော မရှိတဲ့သူရောထိုင်းနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ကိစ္စတွေ၊ စက်ရုံတွင်းနစ်နာမှုတွေ စာရွက်စာတမ်းအခက်အခဲတွေအဲ့ဒါတွေကအစရှေ့ဆက်ပြီး AACရဲ့ဆောင်ရွက်မှုတွေအပေါ်မှာ…

Read More

Loading

စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူသေဆုံးမှု ၃၀၀၀ဦးထိ ရှိလာ ************** ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၃၀၀၀ ဦး သေဆုံးခဲ့ရသည်ဟု AAPP ၏ထုတ်ပြန်ချက်အရ သိရသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့်…

Read More

Loading

နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် လူငယ်များကို ဝိုင်းဝန်းကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း *********************************************** သံလွက်ခက်။ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။ နွေဦးတော်လှန်းရေးတွင် ပါဝင်နေသည့် လူငယ်များကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ရုံးထုတ်ချိန်တစ်ခုတွင် ယခုကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု…

Read More

Loading

မုံရွာ လ.ဝ.က ရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး ************************* သံလွင်ခက်။ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲနေသည့် လ.ဝ.က ရုံးကို ဒေသခံကာကွယ်ရေးတပ်က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု Monywa Lightning PDFမှ ယနေ့တွင် ထုတ်ပြန်ထားသည်။…

Read More