![]()
ကောင်းချစ်အောင် ဇွန် ၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများပါဝင်ဆွေးနွေးသည့် ပထမအကြိမ်စစ်ကိုင်းဖိုရမ်ကို မေလ၃၀ရက်နှင့် ၃၁ရက်တို့တွင် နှစ်ရက်တာကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ တည်ထောင်နိုင်ရန်သဘောထားများစုစည်းနိုင်ခဲ့ကြသည်ဟု စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။ နှစ်ရက်တာကျင်းပခဲ့သည့် စစ်ကိုင်းဖိုရမ်တွင် တိုင်းအတွင်း ၂၈မြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း၁၇၃ဖွဲ့နှင့် လေ့လာသုံးသပ်သူ ၃၁ဦး တက်ရောက်ခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် အထွေထွေဟူသည့်…