ဇွန် ၆၊ ၂၀၂၃။
သံလွင်ခက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခဲ့သည့်အတွက် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဇွန်လ ၆ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့အထွက် တိုးဂိတ်အနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကဒေသခံအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ကွတ်ခိုင်ဒေသခံတစ်ဦးက “သူတို့ ဆိုင်ကယ် ၂ စီးနဲ့ သူငယ်ချင်းမွေးနေ့သွားမယ်လို့ ပြောတယ်။ တိုးဂိတ်နားရောက်တော့ စကစက ဆိုင်ကယ်တွေ တားပြီး စစ်ဆေးနေတော့ ဆိုင်ကယ်ပြန်လှည့်လိုက်လို့ အဲ့မှာ စောင့်နေတဲ့သူတွေက သေနတ်နဲ့ ပစ်လိုက်တာ”ဟု ပြောသည်။
အပစ်ခံရသည့် အမျိုးသားသည် အသက် ၁၈ နှစ်အရွယ် ကွတ်ခိုင်မြို့နယ် ပိန်းဟွယ်ကျေးရွာမှ လူငယ်တစ်ဦးဖြစ်သည်။
အဆိုပါ အပစ်ခံရသူကို ဆေးရုံသို့ ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးရုံသို့ လူနာလာကြည့်သူများကို စစ်ဆေးမှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်များတွင်စစ်ဆေးမေးမြန်းမှုနှင့် ပစ်ခတ်ဖမ်းဆီးမှုများကြောင့် ကွတ်ခိုင် ဒေသခံများ ခရီးသွားလာရေးနှင့် လုပ်ငန်းခွင်များသွားရောက်ရန် စိုးရိမ်မှုများ မြင့်တက်နေသည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1343
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4974
Website ->https://eng.thanlwinkhet.net