• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး
  • အမေရိကန်လက်ယာယိမ်း ချာလီကာ့ခ် ဟောပြောပွဲတွင် ပစ်ခတ်ခံရ၍ သေဆုံး
  • စစ်ကော်မရှင်၏ တရားမဝင် ရွေးကောက်ပွဲကို KNU တပ်မဟာ ၃ ကန့်ကွက်
  • မကွေးတိုင်းတွင် စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးသည်အထိ အေအေ တိုက်ခိုက်နိုင်
  • မဲဆောက်တွင် မြန်မာနှစ်ဦး လက်နက်များဖြင့် ဖမ်းဆီးခံရ
  • နှစ်နှစ်ကျော်သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကို စစ်တပ် ပြန်နေရာယူ
  • မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုလိုက်တဲ့ ထိုင်းနိုင်ငံ
  • နီပေါနိုင်ငံတွင် ဆန္ဒပြမှုများ အရှိန်မြင့်လာပြီးနောက် စစ်တပ်က အခြေအနေကို ထိန်းချုပ်ရန် ကြိုးပမ်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဝမ်ပေါင်ကုမ္ပဏီအနီးက ဒေသခံ ၄၀ ကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ
နေ့စဉ်သတင်း

ဝမ်ပေါင်ကုမ္ပဏီအနီးက ဒေသခံ ၄၀ ကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ

thanlwinkhetBy thanlwinkhetJune 6, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်။

ဇွန် ၆ ၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ပိုင် မြန်မာ၀မ်ပေါင်ကုမ္ပဏီအနီးနားကျေးရွာများမှ စစ်ရှောင်ပြည်သူ၄၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံကသိရသည်။

ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝမ်ပေါင်ကုမ္ပဏီအနောက်တောင်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည့်  မိုးကြိုးပြင်ကျေးရွာနှင့် ရာဇကျေးရွာမှ စစ်ရှောင် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပ.က.ဖ တာဝန်ခံ ကိုမိုးကောင်းက ပြောသည်။

၎င်းက ” ပါသွားတဲ့ ဓားစားခံတွေက စစ်ရှောင်ရင်းနဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ပါသွားတာလို့ သိရတယ် “ဟုဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် စစ်ကြောင်းသည် ဇွန်လ ၅ ရက် ညနေ ၅ နာရီခွဲချိန်တွင် ဆားလင်းကြီးမြို့နယ်မိုးကြိုးပြင်အလယ်ရွာနှင့် တောင်ရွာတွင် ညအိပ်တပ်စွဲခဲ့သည်ဟု ဒေသခံများထံကသိရသည်။

ထို့နောက် ယနေ့ ဇွန်လ ၆ ရက်၊ မနက်ပိုင်းတွင် ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပ.အ.ဖအဖွဲ့မှ ဆက်သွယ်ရေးတာဝန်ခံ ကိုစစ်ငြိမ်းက ပြောသည်။

၎င်းက ” ဒီနေ့မနက် ၃နာရီလောက်မှာ ရွာရဲ့ အနောက်ကနေပြီးတော့ တောနင်းရှာပြီး တောထဲမှာ အိပ်နေတဲ့ ပြည်သူတွေကို ဓားစာခံအဖြစ် ၁၅ယောက်လောက်ခေါ်သွားတယ်။ မနက် ၉နာရီလောက်မှ ရာဇကျော်ကို ရောက်တယ် အဲ့ရွာက ပြည်သူတွေကိုလည်း ထပ်ဖမ်းခေါ်သွားတယ် ” ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် လတ်တလောတွင် ယင်းမာပင်မြို့နယ်အစပ် အင်းကြင်းတောင်နှင့် နှောရိုး ကောင်းဆင့်ကျေးရွာကြား ရောက်ရှိနေသည်ဟု ဒေသခံများထံက သိရသည်။

စစ်ကြောင်းများ ထိုးနေသည့်အပြင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် ကား ၅ စီးဖြင့်ရောက်ရှိလာသည့် အင်အား၁၅၀ ခန့်သည်လည်း  မြန်မာ၀မ်ပေါင်ကုမ္ပဏီအတွင်း တပ်စွဲထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

စစ်ရေးတင်းမာမှုများကြောင့်  မြန်မာ၀မ်ပေါင်ကုမ္ပဏီအနီးနားရှိ ကျေးရွာ ၂၄ ရွာမှ ဒေသခံ တစ်ထောင်ကျော်သည်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပုံစာ – စစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် ထွက်ပြေးနေရသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံများ မြင်ကွင်း ။

Photo – Aung Khant Zaw

*********************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1332

YouTube -> https://youtu.be/E95gr8vKREs

Website -> https://thanlwinkhet.net/?p=4953

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြေကြီးရှိရင် စခန်းရှိမယ်
Next Article မိုးဗြဲမြို့ကို အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်
thanlwinkhet
  • Website

Related Posts

မြန်မာပြည်သူ သုံးဦးမှာ တစ်ဦး အငတ်ဘေးဒဏ်ကြုံနေရ

September 6, 2025

သာလွန်အင်အားဖြင့် ကော့ကရိတ် – သင်္ကန်းညီနောင်အာရှလမ်းကို စစ်ကောင်စီ ထိုးဖောက်

September 6, 2025

လေးကေ့ကော်ဆေးရုံကို စစ်တပ်ဗုံးကြဲ

September 6, 2025

Leave A Reply Cancel Reply

Recent Posts

  • သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး
  • အမေရိကန်လက်ယာယိမ်း ချာလီကာ့ခ် ဟောပြောပွဲတွင် ပစ်ခတ်ခံရ၍ သေဆုံး
  • စစ်ကော်မရှင်၏ တရားမဝင် ရွေးကောက်ပွဲကို KNU တပ်မဟာ ၃ ကန့်ကွက်
  • မကွေးတိုင်းတွင် စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးသည်အထိ အေအေ တိုက်ခိုက်နိုင်
  • မဲဆောက်တွင် မြန်မာနှစ်ဦး လက်နက်များဖြင့် ဖမ်းဆီးခံရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

အမေရိကန်လက်ယာယိမ်း ချာလီကာ့ခ် ဟောပြောပွဲတွင် ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကော်မရှင်၏ တရားမဝင် ရွေးကောက်ပွဲကို KNU တပ်မဟာ ၃ ကန့်ကွက်

မကွေးတိုင်းတွင် စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးသည်အထိ အေအေ တိုက်ခိုက်နိုင်

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

September 11, 2025

အမေရိကန်လက်ယာယိမ်း ချာလီကာ့ခ် ဟောပြောပွဲတွင် ပစ်ခတ်ခံရ၍ သေဆုံး

September 11, 2025

စစ်ကော်မရှင်၏ တရားမဝင် ရွေးကောက်ပွဲကို KNU တပ်မဟာ ၃ ကန့်ကွက်

September 11, 2025

မကွေးတိုင်းတွင် စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးသည်အထိ အေအေ တိုက်ခိုက်နိုင်

September 11, 2025

မဲဆောက်တွင် မြန်မာနှစ်ဦး လက်နက်များဖြင့် ဖမ်းဆီးခံရ

September 11, 2025

နှစ်နှစ်ကျော်သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကို စစ်တပ် ပြန်နေရာယူ

September 10, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.