• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ထိုင်းမြန်မာနယ်စပ် ကနဲလေးစစ်စခန်းကို ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်
  • မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို
  • ထိုင်းတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဒဏ်ငွေ နှစ်ဆ ပေးဆောင်ရမည်
  • လူငယ်ဒလန်တွေစေလွှတ်ပြီး တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်ကို စစ်ကောင်စီ ရယူနေ
  • DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကို စစ်ကောင်စီ ဗုံးကြဲ
  • သေ့ဘောဘိုးသို့ စစ်ကူလာသော စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များ ချေမှုန်း
  • မြန်မာဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ကလေးငယ်များ ကျောင်းမပို့
  • ဘလက်ဒိုစခန်းကျပြီး ၅ ရက်မြောက်နေ့ သေ့ဘောဘိုးတိုက်ပွဲပြင်းထန်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီက ရဲဘော်တွေ ရိက္ခာပြတ်လပ်မှု ကြုံနေရ
နေ့စဉ်သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီက ရဲဘော်တွေ ရိက္ခာပြတ်လပ်မှု ကြုံနေရ

thanlwinkhetBy thanlwinkhetJune 7, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်

ဇွန် ၇၊ ၂၀၂၃။

ကရင်နီပြည်ရဲ့ တိုက်ပွဲတွေ အများဆုံးဖြစ်နေတဲ့ ဒီးမော့ဆိုမြို့နယ်မှာ အခြေစိုက်တဲ့ KNDF B 01 တပ်ရင်းဟာ ပုံမှန်ထောက်ပံ့မှုတွေ မရလို့ ရဲဘော်တွေအတွက် ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိလည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲပါ။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်နေတဲ့ KNDF B01 တပ်ရင်းကတော့ နှစ်နှစ်တာကာလအတွင်းမှာ ရဲဘော် ၁၀ ဦးထက်မနည်း ကျဆုံးထားခဲ့ရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁ က ရဲဘော်တွေဟာ ဒီးမော့ဆိုအရှေ့ခြမ်းမှာ တိုက်ပွဲဝင်နေကြသလို ရှေ့တန်းရဲဘော်တွေကို အထောက်အပံ့ပေးနိုင်ဖို့နဲ့ တပ်ရင်းရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ထောက်ပို့တပ်သားတွေကို KNDF တပ်ရင်း ၁ က ဖိတ်ခေါ်ထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကို ဖွဲ့စည်းထူထောင်ခဲ့တဲ့ နှစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ရောနှစ်နှစ်တာအတွင်းမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသလို ဆက်ပြီး အဲဒီအခက်အခဲတွေကို ဖြေရှင်းကူပေးနိုင်ဖို့ထောက်ပို့တပ်သားတွေကို ခေါ်ယူရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ညီမတို့ တပ်ရင်းက ထောက်ပို့မန်ဘာ ခေါ်ထားတာ အယောက် ၂၀၀၀ မှန်းထားပေမယ့် အခုထိ ၁၀၀ လောက်ပဲ ရသေးတယ်” လို့ တပ်ရင်းထောက်ပို့ ဒုတာဝန်ခံ မိထော်က ပြောပါတယ်။

KNDF တပ်ရင်းက ဖိတ်ခေါ်ထားတဲ့ ထောက်ပို့တပ်သားတွေအနေနဲ့ ရာထူးအလိုက် လစဥ်ထောက်ပံ့မှုတွေ ကွာခြားသွားမှာဖြစ်ပြီး တပ်သားဆိုရင် လစဥ် ကျပ် ၂၀၀၀၀ ပါဝင်ပေးရမှာဖြစ်ပါတယ်။

ထောက်ပို့တပ်ကြပ်အတွက် ကျပ် ၃၀၀၀၀၊ တပ်ကြပ်ကြီးအတွက် ကျပ် ၄၀၀၀၀၀၊ ဗိုလ်လေးအတွက် ၅၀၀၀၀ မှ၉၉၀၀၀ ကျပ် ၊ ဗိုလ်ကြီးအတွက် ကျပ် ၁၀၀၀၀၀ မှ ၂၉၉၀၀၀ ကျပ်နဲ့ ထောက်ပို့ ဗိုလ်မှူးကြီးရာထူးအတွက် ကျပ်သုံးသိန်းနှင့်အထက် သတ်မှတ်ထားပါတယ်။

“အရေးပေါ်ကိစ္စတွေ ဖြစ်လာရင် ညီမတို့မှာ ဖြေရှင်းဖို့ အသင့် ဖြစ်မနေဘူး။ လက်နက်၊ ခဲယမ်းလိုတာဖြစ်ဖြစ်၊ဆေးဝါးလိုတာဖြစ်ဖြစ်၊ စားနပ်ရိက္ခာလိုတာဖြစ်ဖြစ် အခက်အခဲတွေနဲ့ ကြုံနေရတယ်။ တကယ်လို့ ညီမတို့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်သာ ပြည့်မှီမယ်ဆိုရင် တပ်ရင်းအတွက် တစ်လတာ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ လက်နက်ခဲယမ်းတွေကို ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်” လို့ တပ်ရင်းထောက်ပို့ ဒုတာဝန်ခံ မိထော်က ပြောပါတယ်။

KNDF တပ်ရင်း ၁ က ဖိတ်ခေါ်ထားတဲ့ ထောက်ပို့မန်ဘာအရေအတွက် ၂၀၀၀ ကို အနည်းဆုံးတပ်သားတွေအဖြစ်ပဲအပြည့် ပါဝင်ကြရင် တပ်ရင်းအတွက် တစ်လကို ကျပ်သိန်း ၄၀၀ ရရှိမှာဖြစ်ပါတယ်။ ဒီပမာဏဟာ တပ်ရင်းရဲ့ လစဥ်စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအခက်အခဲတွေကို ကူညီးဖြေရှင်းနိုင်မှာဖြစ်သလို လက်နက်၊ ခဲယမ်းအတွက်လည်းဖြည့်ဆည်းသွားနိုင်မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း KNDF တပ်ရင်း ၁ ကတော့ လက်ရှိအချိန်မှာ လစဥ်ပုံမှန် ရန်ပုံငွေတွေ မရှိလို့ တစ်ခါတလေ ရိက္ခာပြတ်လပ်တာတွေနဲ့ ကြုံရတယ်လို့ တပ်ရင်းထောက်ပို့ ဒုတာဝန်ခံ မိထော်က ပြောပါတယ်။

“တချို့လတွေမှာ ညီမတို့ထင်ထားသလောက် Fund (ရန်ပုံငွေ) မဝင်ဘူး။ ရဲဘော်တွေအတွက် ဆန်ကိုတောင်မှရိက္ခာကို အကုန်လုံး မပေးနိုင်တဲ့ အနေအထားဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။

ဒီလိုအခက်အခဲ လိုအပ်ချက်တွေ ရှိနေပေမယ့်လည်း KNDF တပ်ရင်း ၁ ရဲဘော်တွေဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲဝင်နေရကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်မှာ တပ်ဖွဲ့ထူထောင်တာ နှစ်နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ KNDF တပ်ဖွဲ့ဟာ ရှမ်းတောင်ပိုင်းမြို့နယ်တချို့အပါအဝင် ကရင်နီပြည်မှာ တပ်ရင်းပေါင်း ၂၂ အထိ ဖွဲ့စည်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နှစ်နှစ်တာကာလအတွင်းမှာ တိုက်ပွဲပေါင်း ၁၀၀၀ ကျော် ဆင်နွှဲထားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကိုရှင်လင်းနိုင်ခဲ့သလို KNDF ရဲဘော် ၁၅၃ ဦး ကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

အခက်အခဲမျိုးစုံကို နှစ်နှစ်တာကာလအတွင်းမှာ ရင်ဆိုင်ကျော်လွှားနေခဲ့တဲ့ KNDF တပ်ရင်းအသီးသီးဟာ တပ်ရင်း၁ လိုပဲ တပ်ဖွဲ့ ရေရှည် ရပ်တည်ရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြရပါတယ်။

ဒါပေမယ့်လည်း ဘယ်လိုပဲ အခက်အခဲတွေနဲ့ကြုံနေရပါစေ။ KNDF ကတော့ မကြာမီမှာ ကရင်နီအိပ်မက်ကိုအကောင်အထည် ဖော်သွားမယ်လို့ သူတို့ရဲ့ နှစ်နှစ်ပြည့်နေ့မှာ ကြုံးဝါးခဲ့ပါတယ်။

*********************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1345

YouTube -> https://youtu.be/E95gr8vKREs

Website -> https://thanlwinkhet.net/?p=4987

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleGetting Past Yours Dating Errors
Next Article ရွှေကုက္ကိုလ်မြို့သစ်နှင့် မြဝတီမြို့အနီး တရုတ်စီမံကိန်းများကို လျှပ်စစ်မီး ဖြတ်တောက်
thanlwinkhet
  • Website

Related Posts

မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို

May 28, 2025

လူငယ်ဒလန်တွေစေလွှတ်ပြီး တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်ကို စစ်ကောင်စီ ရယူနေ

May 28, 2025

DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကို စစ်ကောင်စီ ဗုံးကြဲ

May 28, 2025

Leave A Reply Cancel Reply

Recent Posts

  • ထိုင်းမြန်မာနယ်စပ် ကနဲလေးစစ်စခန်းကို ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်
  • မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို
  • ထိုင်းတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဒဏ်ငွေ နှစ်ဆ ပေးဆောင်ရမည်
  • လူငယ်ဒလန်တွေစေလွှတ်ပြီး တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်ကို စစ်ကောင်စီ ရယူနေ
  • DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကို စစ်ကောင်စီ ဗုံးကြဲ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ထိုင်းမြန်မာနယ်စပ် ကနဲလေးစစ်စခန်းကို ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်

မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို

ထိုင်းတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဒဏ်ငွေ နှစ်ဆ ပေးဆောင်ရမည်

လူငယ်ဒလန်တွေစေလွှတ်ပြီး တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်ကို စစ်ကောင်စီ ရယူနေ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ထိုင်းမြန်မာနယ်စပ် ကနဲလေးစစ်စခန်းကို ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်

May 29, 2025

မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို

May 28, 2025

ထိုင်းတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဒဏ်ငွေ နှစ်ဆ ပေးဆောင်ရမည်

May 28, 2025

လူငယ်ဒလန်တွေစေလွှတ်ပြီး တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်ကို စစ်ကောင်စီ ရယူနေ

May 28, 2025

DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကို စစ်ကောင်စီ ဗုံးကြဲ

May 28, 2025

သေ့ဘောဘိုးသို့ စစ်ကူလာသော စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များ ချေမှုန်း

May 28, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.