မွေးလူနာများအတွက် ဆေးဝါး အရေးပေါ် လိုအပ် ဒီဇင်ဘာ ၂၇၊ ၂၀၂၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖွင့်လှစ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ဆေးရုံများတွင် မွေးလူနာများအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ကျန်းမာရေး တာဝန်ခံများက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူများနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များအတွက် ဆေးရုံသုံးလုံး တည်ဆောက်ထားခြင်း ဖြစ်သည်။…