• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ
  • ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်
  • ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»PDF စွပ်စွဲချက်နဲ့ ရွာငံ ဒေသခံ ၁၀ ဦးကို စစ်ကြောင်းထိုးဖမ်း
နေ့စဉ်သတင်း

PDF စွပ်စွဲချက်နဲ့ ရွာငံ ဒေသခံ ၁၀ ဦးကို စစ်ကြောင်းထိုးဖမ်း

thanlwinkhetBy thanlwinkhetJuly 6, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

PDF စွပ်စွဲချက်နဲ့ ရွာငံ ဒေသခံ ၁၀ ဦးကို စစ်ကြောင်းထိုးဖမ်း

***********

ဇူလိုင် ၆ ၊ ၂၀၂၃။

သံလွင်ခက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်PDF များဆိုသည့် စွပ်စွဲချက်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ဒေသခံ၁၀ ဦးကို စစ်ကောင်စီတပ်က  ဇွန်လ ၃၀ ရက်တွင် စစ်ကြောင်းထိုးဖမ်းဆီးသွားသည်ဟု ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသည့် ၁၀ ဦးသည် ရွာငံမြို့နယ် နန်းခုံရွာနှင့် လွှစင်ဒေသတွင် နေထိုင်သည့်ဒေသခံများဖြစ်သည်ဟုသံလွင်ခက်က ဆက်သွယ်ရရှိသည့် ဒေသခံများက အခိုင်အမာပြောသည်။

နန်းခုံရွာဒေသခံတစ်ဦးက “ဒေသခံတွေကို မကြာခဏဖမ်းလေ့ရှိတယ်။ ဘာကြောင့် ဖမ်းလဲဆိုတာကိုလည်းအကြောင်းပြချက်မပေးဘူး။ သူတို့ထင်ရာစွပ်စွဲပြီး ဖမ်းဖမ်းသွားတာ၊အခုလည်းစစ်ကြောင်းနဲ့လာပြီး မသင်္ကာလို့ဖမ်းသွားတာ”ဟု ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၁၀ ဦးတွင် အမျိုးသမီး ၃ ဦးအနည်းဆုံးပါဝင်ပြီး လူငယ်များမဟုတ်ဘဲ အသက် ၃၀အထက် လူလတ်ပိုင်းများ ဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ဖမ်းဆီးသွားပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခံထားရသည့် ၁၀ ဦးထဲမှ တစ်ဦး စစ်ဆေးမေးမြန်းစဉ် သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။

သေဆုံးသွားသည့် အမျိုးသားသည် လွှစင်ရွာခံ အမျိုးသားဖြစ်ပြီး ၄င်း၏ ရုပ်အလောင်းကို မိသားစုဝင်များကပြန်လည်တောင်းယူခဲ့သော်လည်း မရရှိခဲ့ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သံလွင်ခက်သတင်းဌာနက ကောက်ယူထားသည့် အချက်အလက်များအရ  ၂၀၂၃ခုနှစ် မတ်လ ၉ ရက်နေ့မှ ယနေ့ထိ ရွာငံမြို့နယ်၊မြက်ခါးအင်း၊ လွှစင်၊ ကျောက်ပချုပ်၊ နန်းခုံ၊ နွားဘန်းကြီးဒေသများမှ ဖမ်းဆီးခံရသူ ၆၂ ယောက်ရှိပြီး ၂ ဦး စစ်ကြောရေးတွင် သေဆုံးခဲ့သည်။

*********************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1579

YouTube -> https://youtu.be/brzvB8yWGSw

Website ->   https://thanlwinkhet.net/?p=5164

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဘုန်းကြီးကျောင်း၌ သုံးရက်ကြာ တပ်စွဲ၍ ဝက်လက်အရှေ့ခြမ်းရှိ နေအိမ်၄၀နီးပါးကို စစ်ကောင်စီတပ်မီးရှို့
Next Article ပဲခူး PDF များ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်
thanlwinkhet
  • Website

Related Posts

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

June 16, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

June 16, 2025

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

June 14, 2025

Leave A Reply Cancel Reply

Recent Posts

  • အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ
  • ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ

ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ

June 17, 2025

ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

June 17, 2025

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

June 16, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

June 16, 2025

နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

June 16, 2025

ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း

June 16, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.