သံလွင်ခက်
ဇူလိုင် ၅၊ ၂၀၂၃။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ် နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က သိန်း ၄၀၀၀ ကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု ယမန်နေ့ ဇူလိုင်လ၄ ရက်၌ ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၏ မှတ်တမ်းများအရ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စိစစ်ချီးမြှင့်ရေးအဖွဲ့ က လေ့လာသုံးသပ်စိစစ်ကာ ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ (CDF) တို့၏ တာဝန်ရှိသူများကို သံချပ်ကာယာဉ်တစ်စီးလျှင်သိန်း ၂၀၀၀ ကျပ်နှင့် နှစ်စီးအတွက် သိန်း ၄၀၀၀ ကျပ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ သံချပ်ကာယာဉ် နှစ်စီးကို ယခုနှစ် ဧပြီလ ၁၃ရက်နေ့က ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးတွင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မည်သူမဆို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုသည့် လေယာဉ်၊ရေယာဉ်နှင့် စက်ယန္တယားများနှင့် ဆက်လျဉ်း၍ ဆုငွေချီးမြှင့်မည်ဟု ၂၀၂၂ ခုနှစ် ဧပြီလက ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် ပူးပေါင်းလာမည်ဆိုလျှင် မြန်မာငွေ သိန်းတစ်သောင်းကျပ်၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့် ထောက်ပို့လေယာဉ် အပါအဝင် တိုက်ရေယာဉ်များကို ဖျက်ဆီးပြီးပူးပေါင်းလာမည်ဆိုလျှင် မြန်မာငွေ သိန်းခြောက်ထောင်နှင့် တင့်ကား၊ သံချပ်ကာကားများကို ယူလာနိုင်လျှင်မြန်မာငွေ သိန်းနှစ်ထောင် ချီးမြှင့်မည်ဟု ပါဝင်သည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1574
YouTube -> https://youtu.be/J87kIXgZgLY
Website -> https://thanlwinkhet.net/?p=5158
Website ->https://eng.thanlwinkhet.net