• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းပြုကာ ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်းထိုး
  • ၃၅ နာရီကြာ ကနဲလေးစခန်းသိမ်းအောင်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်များကို KNU ထုတ်ပြ
  • ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူများကို ဒရုန်းတပ်ဖွဲ့ခေါ်ယူ
  • လုံခြုံရေးအာမခံချက်မရှိတဲ့အတွက် စစ်ခေါင်းဆောင်အာဏာစွန့်မှာမဟုတ်လို့ ပညာရှင်တွေ သုံးသပ်
  • မယ်ဆိုင်မြစ်ရေ ညစ်ညမ်းမှုအတွက် ထိုင်းအစိုးရ မြန်မာသို့ သွားရောက်မည်
  • ရွှေအေးမြိုင်စခန်းကို ကရင်ပူပေါင်းတပ်များ ယနေ့ထပ်သိမ်းပိုက် ကရင်ပြည်နယ်တွင်း စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ရှိနေ
  • ထိုင်းမြန်မာနယ်စပ် ကနဲလေးစစ်စခန်းကို ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်
  • မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လေကြောင်းအန္တရာယ်ကို နှစ်ချီခံနေရသည့် ကရင်နီပြည်သူများ အကာအကွယ်မဲ့နေဆဲ
တိုက်ပွဲသတင်း

လေကြောင်းအန္တရာယ်ကို နှစ်ချီခံနေရသည့် ကရင်နီပြည်သူများ အကာအကွယ်မဲ့နေဆဲ

thanlwinkhetBy thanlwinkhetJuly 5, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်

ဇူလိုင် ၅ ၊ ၂၀၂၃။

စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း စစ်ရေးပစ်မှတ်များအပြင် အရပ်သားပစ်မှတ်များကိုပါ လေကြောင်းမှတိုက်ခိုက်နေရာ စစ်ရှောင်များနှင့် ဒေသခံပြည်သူများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဆက်တိုက် ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် ဇွန်လမှစ၍ စစ်ရေး ပိုမို ပြင်းထန်လာနေသည့် ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီက ဝေဟင်၊မြေပြင်တို့မှ ထိုးစစ်ဆင်နေရာ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်နီးပါး ပြုလုပ်လျက်ရှိသည်။

တိုက်ပွဲများ မရှိသည့်အချိန်နှင့် ညအချိန်မတော်တွင်လည်း ရုတ်တရက် လာရောက် တိုက်ခိုက်ခြင်းဖြစ်သောကြောင့် ပြည်သူများမှာ ကြိုတင်ရှောင်ရှားချိန် မရကြဟု သိရသည်။

“ဗုံးခိုကျင်းတွေက အနည်းနဲ့ အများတော့ တူးထားကြပါတယ်။ ဒါပေမယ့် လေယာဥ်က အသံမကြားခင် ဗုံးပစ်ချသံက အရင်ကြားရတော့ ပြေးလို့ မမှီဘူး။ နောက် ဘယ်အချိန် လာမယ်မှန်း မသိတော့ ဗုံးခိုကျင်းတွေထဲမှာလည်းကြိုမနေကြဘူးပေါ့နော်။ အခုက မိုးတွင်းဆိုတော့ စိုးရွှဲနေတော့ ကျင်းထဲမှာ နေဖို့ အဆင်မပြေဘူး” ဟု ဒီးမော့ဆိုဒေသခံ တစ်ဦးက ပြောသည်။

ယမန်နေ့ ဇူလိုင် ၄ ရက်၊ နံနက်အစောပိုင်း ၂ နာရီခန့်တွင် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်နေရာ တစ်ခုကိုစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်တိုက်လေယာဥ်ဖြင့် ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပေါင် ၅၀၀ ဗုံးနှစ်လုံးနှင့် ပေါင် ၁၀၀ ဗုံးနှစ်လုံးတို့ဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် အသက်နှစ်နှစ်နှင့် ၁၀ လအရွယ်ကလေးငယ် တစ်ဦးအပါအဝင် မိသားစု သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရရှိသူများအနက် ဦးခေါင်းထိမှန်ခဲ့သည့် ကလေးငယ်မှာ ရောဂါအခံပါရှိသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဒေသခံများထံမှ သိရသည်။

ထို့ပြင် စာသင်ကျောင်းဆောင် နှစ်ဆောင်၊ ခန်းမဆောင် တစ်ဆောင်နှင့် စစ်ရှောင်တဲ တချို့ ပျက်စီးခဲ့သည်။ကရင်နီပြည်တွင် ပြီးခဲ့သော ဇွန်လနောက်ဆုံးပတ်အတွင်း ဘော်လခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တို့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်က နေ့စဥ်နီးပါး လေကြောင်းမှ လာရောက် တိုက်ခိုက်ခဲ့သည်ဟု KNDF ကထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်တွင် ပြည်သူ တစ်ဦးနှင့် ဖားဆောင်းမြို့နယ်တွင် ပြည်သူ လေးဦးသေဆုံးခဲ့သည်။

“လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်တဲ့ အခြေအနေတွေက အရမ်းကို အားနည်းပါတယ်။ သူတို့(စစ်ကောင်စီတပ်) သုံးတဲ့ ပေါင် ၂၀၀၊ ပေါင် ၅၀၀ ဗုံးတွေက ကတုတ်ကျင်းတွေ အချပ်လိုက် လန်ထွက်တဲ့အထိပြင်းတယ်” ဟု ကရင်နီလူ့အခွင့်ရေးဒါရိုက်တာ ဦးဗညားက ပြောသည်။

စစ်ကောင်စီက ဖျက်အားပြင်းဗုံးများဖြင့် တိုက်ခိုက်နေသော်လည်း စစ်ဘေးရှောင်များအတွက် ထိုဗုံးဒဏ်များကို ခံနိုင်မည့် စံချိန်မီ ဗုံးခိုကျင်းများ ပြုလုပ်ပေးရန် သစ်၊ ဘိလပ်မြေအပါအဝင် လိုအပ်သော ပစ္စည်းများ ဝယ်ရန်ငွေကြေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အခက်အခဲများစွာ ရှိနေသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် စစ်ဘေးရှောင်များမှာ တစ်ပြည်နယ်လုံး ပြန့်နှံ့လျက်ရှိနေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ ဖြတ်တောက်ခံထားရသည့်အတွက် လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်မှုများကို အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့နိုင်ရန် ခက်ခဲနေသည်။

ကရင်နီပြည်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မကြာခဏအသက်ဆုံးရှုံးနေရမှုများအပါအဝင် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအတွက်နိုင်ငံတကာ အကူအညီ ရရှိရန် တောင်းဆိုခဲ့သော်လည်း ထိရောက်သည့် တုန့်ပြန်မှုမျိုး မရရှိသေးပေ။

“စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဖြေလျော့နိုင်ဖို့အတွက်  အများကြီး တောင်းဆိုခဲ့တာ ရှိပါတယ်။No Fly Zone သတ်မှတ်ပေးဖို့ နိုင်ငံတကာကို မကြာခဏ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေတောင် ရဖို့ အားနည်းနေတဲ့ အခြေအနေမှာ No Fly Zone သတ်မှတ်ပေးဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သုံးသပ်မိလာပါတယ်” ဟု ဦးဗညားကပြောသည်။

ကရင်နီပြည်စစ်ဘေးရှောင်များအတွက် No Fly Zone သတ်မှတ်ပေးနိုင်ရေး တောင်းဆိုမှုများ မဖြစ်နိုင်တော့သည့်အခြေအနေ၌ စစ်ကောင်စီထံ လေယာဥ်ဆီများနှင့် လေယာဥ်ပစ်လက်နက်၊ ပစ္စည်းများ တင်ပို့ရောင်းချနေသည့်ကုမ္ပဏီများကို အရေးယူ၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးရန် ထပ်မံ တောင်းဆိုခဲ့ရာတွင်လည်း ထိရောက်သည့်အရေးယူဆောင်ရွက်မှုများ မရှိလာ၍  လေကြောင်းတိုက်ခိုက်မှုကို ပိုမိုခံနေကြရသည်။

ကရင်နီပြည်တွင် လက်ရှိအာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၅၂၇ ကြိမ်ရှိခဲ့ပြီးထိုသို့တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် စစ်ရှောင်နှင့် အရပ်သားပြည်သူ ၅၀၁ ဦး သေဆုံးထားသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ယခု ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိအာဏာသိမ်းကာလအတွင်း၌ ခုခံစစ်အားကောင်းသည့် ကရင်နီပြည်နယ်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင် ပြုလုပ်ခဲ့ရာ ယခုနှစ်အတွင်း၌ လေကြောင်းတိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်လာသည်။

ပုံစာ–ယခုဇူလိုင်လ ၄ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်နေရာ တစ်ခု၌ ပျက်စီးခဲ့မှုများ။

*********************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1431

YouTube -> https://youtu.be/9ijGcDu-6fE

Website -> https://thanlwinkhet.net/?p=5096

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတင့်ကားများ ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ကို ကျပ်သိန်း ၄၀၀၀ ဂုဏ်ပြုချီးမြှင့်
Next Article ဘုန်းကြီးကျောင်း၌ သုံးရက်ကြာ တပ်စွဲ၍ ဝက်လက်အရှေ့ခြမ်းရှိ နေအိမ်၄၀နီးပါးကို စစ်ကောင်စီတပ်မီးရှို့
thanlwinkhet
  • Website

Related Posts

ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းပြုကာ ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်းထိုး

May 29, 2025

၃၅ နာရီကြာ ကနဲလေးစခန်းသိမ်းအောင်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်များကို KNU ထုတ်ပြ

May 29, 2025

ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူများကို ဒရုန်းတပ်ဖွဲ့ခေါ်ယူ

May 29, 2025

Leave A Reply Cancel Reply

Recent Posts

  • ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းပြုကာ ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်းထိုး
  • ၃၅ နာရီကြာ ကနဲလေးစခန်းသိမ်းအောင်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်များကို KNU ထုတ်ပြ
  • ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူများကို ဒရုန်းတပ်ဖွဲ့ခေါ်ယူ
  • လုံခြုံရေးအာမခံချက်မရှိတဲ့အတွက် စစ်ခေါင်းဆောင်အာဏာစွန့်မှာမဟုတ်လို့ ပညာရှင်တွေ သုံးသပ်
  • မယ်ဆိုင်မြစ်ရေ ညစ်ညမ်းမှုအတွက် ထိုင်းအစိုးရ မြန်မာသို့ သွားရောက်မည်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းပြုကာ ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်းထိုး

၃၅ နာရီကြာ ကနဲလေးစခန်းသိမ်းအောင်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်များကို KNU ထုတ်ပြ

ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူများကို ဒရုန်းတပ်ဖွဲ့ခေါ်ယူ

လုံခြုံရေးအာမခံချက်မရှိတဲ့အတွက် စစ်ခေါင်းဆောင်အာဏာစွန့်မှာမဟုတ်လို့ ပညာရှင်တွေ သုံးသပ်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းပြုကာ ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်းထိုး

May 29, 2025

၃၅ နာရီကြာ ကနဲလေးစခန်းသိမ်းအောင်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်များကို KNU ထုတ်ပြ

May 29, 2025

ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူများကို ဒရုန်းတပ်ဖွဲ့ခေါ်ယူ

May 29, 2025

လုံခြုံရေးအာမခံချက်မရှိတဲ့အတွက် စစ်ခေါင်းဆောင်အာဏာစွန့်မှာမဟုတ်လို့ ပညာရှင်တွေ သုံးသပ်

May 29, 2025

မယ်ဆိုင်မြစ်ရေ ညစ်ညမ်းမှုအတွက် ထိုင်းအစိုးရ မြန်မာသို့ သွားရောက်မည်

May 29, 2025

ရွှေအေးမြိုင်စခန်းကို ကရင်ပူပေါင်းတပ်များ ယနေ့ထပ်သိမ်းပိုက် ကရင်ပြည်နယ်တွင်း စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ရှိနေ

May 29, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.