ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်နှစ်စီး ကြားဖြတ်တိုက်ခံရ
******************
ကောင်းချစ်အောင်
ဇူလိုင် ၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အမြင့်မြို့ဟောင်းမှ မုံရွာမြို့ဘက်သို့ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်နှစ်စီးကို လက်နက်ကြီးငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု Chindwin Attack Force ထံမှသိရသည်။
ယမန်နေ့ ည၈နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် အမြန်ရေယာဉ် (Speed Boat)နှင့်ဖလက်ခွန်စက်လှေကို ပြောင်းတိုက်ကြီးများနှင့် လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“အဲ့ကောင်တွေက အရင်ရက် စုန်ဆင်းသွားတုန်းက အကုန်ပတ်ပစ်သွားတာ ။ အခုအဆန်ဆိုတော့ နှေးနေတော့ရှယ်ပစ်လို့ရတာပေါ့ ။ အထိအခိုက်တော့များနိုင်တယ် ။ မိုးတွေတအားသည်းနေတော့ သေချာအတည်မပြုနိုင်ဘူး။ အခုဖုန်းတွေ စကားပြောစက်တွေတောင် ရေစိုလို့ပျက်သွားတယ်“ဟု၎င်းက ဆိုသည်။
အဆိုပါတိုက်ခိုက်မှု၌ စစ်ကောင်စီရေယာဉ်များထံမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးအပြန်အလှန်ပစ်ခတ်မှုမှာ ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် လက်လုပ်သေနတ်တစ်လက် ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီးထိုတိုက်ခိုက်မှုကို Chindwin Attack Forceနှင့်အတူ Teachers People Defense Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မုံရွာမြို့မှ စစ်ကောင်စီတပ်များသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း အစုန်အဆန်သွားလာလျက်ရှိပြီး ညောင်ပင်ကြီးရွာ လှေဆိပ်များကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက မီးရှို့ခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ–အညာပစ်တိုင်းထောင်လေးများ(ပုံအဟောင်း)
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1570
YouTube -> https://youtu.be/hZ6YpYUMbGQ
Website -> https://thanlwinkhet.net/?p=5145
Website ->https://eng.thanlwinkhet.net