စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ကျေးရွာများအတွင်းသို့ဝင် ရောက်ကာ စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူတို့ ပိုင်ဆိုင်သည့် ပစ္စည်းများကို စက်လှေများဖြင့် ခိုးယူသယ်ထုတ် နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီ၃ရက်တွင် နဂါးပေါက်ကျေးရွာသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံပြည်သူတို့၏ ပစ္စည်းများ သယ်ယူသွားသည့်အပြင် လက်နက်ကြီးပစ်ခတ်ခံရသောကြောင့် သေဆုံးသွားသည့် နွားကိုလည်း ချက်ပြုတ်စားသောက်…